ေတာင္သူမ်ား ငေျမႇာင္ေတာင္ပိုးအေၾကာင္း သိေစရန္ႏွင့္ ႏွင့္ သဘာ၀ေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ႏိုင္ရန္ က်ဳိင္းတံုခရိုင္ တံုတာၿမိဳ႕တြင္ အသိပညာေပး

ေတာင္သူမ်ား ငေျမႇာင္ေတာင္ပိုးအေၾကာင္း သိေစရန္ႏွင့္ ႏွင့္ သဘာ၀ေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ႏိုင္ရန္ က်ဳိင္းတံုခရိုင္ တံုတာၿမိဳ႕တြင္ အသိပညာေပး
မေ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုခရိုင္၊ တံုတာၿမိဳ႕၊ ရပ္ကြက္(၁)၊ မိုင္းကာေက်းရြာတြင္ ငေျမႇာင္ေတာင္ပိုး (FAW)က်ေရာက္မႈ ႀကိဳတင္ကာကြယ္ေရး ႏွင့္အတူ သဘာ၀ေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး အသိပညာေပးေဟာေျပာပြဲအတြင္ ၂၀၁၉ခုႏွစ္ ေမလ(၁၇)ရက္ေန႔ နံနက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဟာေျပာပြဲတြင္ တံုတာၿမိဳ႕အုပ္​ခ်ဳပ္​​ေရးမွဴး ဦးဆလိုင္​းတင္​့ႏိုင္​ဝင္​းက ေဟာေျပာပြဲသို႔ တက္ေရာက္လာသူမ်ားအား ယခုလို ေဟာေျပာပြဲ က်င္းပျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး ငေျမႇာင္ေတာင္ပိုး ငေျမႇာင္ေတာင္ပိုး (Fall Army Worm -FAW)က်ေရာက္မႈ ႀကိဳတင္ကာကြယ္ေရး အသိပညာေပးဆိုင္ရာအေၾကာင္းအရာမ်ားကို စိုက္ပ်ဳိးေရးဦးစီးဌာန၏ တာတံုၿမိဳ႕ဦးစီးမွဴး ဦးေဇာ္၀င္းျမင့္သန္းက ရွင္းလင္းေျပာၾကားကာ လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ သဘာ၀ေဘးအႏၱရာယ္က်ေရာက္သည့္အခါ ေဆာင္ရန္၊ ေရွာင္ရန္ ႏွင့္ သတိျပဳရန္အေၾကာင္းအရာမ်ား အျပင္ လတ္တေလာ ျဖစ္ေပၚေနသည့္ အပူဒဏ္ႏွင့္ ပတ္သက္၍လည္း ကာကြယ္ေရးအေၾကာင္းအရာမ်ားကို ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၏ တံုတာၿမိဳ႕ဦးစီးမွဴး ေဒၚသီတာေက်ာ္၀င္းက အသိပညာေပးေျပာၾကားသည္။

ငေျမႇာင္ေတာင္ပိုးႏွင့္ ပတ္သက္၍ ငေျမႇာင္ေတာင္ပိုးသည္ စိုက္ခင္းမ်ားကို ဖ်က္ဆီးႏုိင္စြမ္း အျမင့္ဆံုးဖ်က္ပိုးမ်ားျဖစ္ၿပီး ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ၿပီး ဖလံအမတစ္ေကာင္လွ်င္ ဥေပါင္း (၁၀၀)မွ (၁၅၀)ေက်ာ္အထိ ဥခ်ႏုိင္ေၾကာင္း ႏွင့္ ဖလံပိုးဥမ်ားသည္ ႏွစ္ရက္မွ သံုးရက္အတြင္း ေလာက္ေကာင္မ်ားအျဖစ္ ေပါက္ပြားကာ အရြက္မ်က္ႏွာျပင္ေအာက္ဘက္ကို ျခစ္၍ စားေသာက္ၾကျခင္းျဖစ္ကာ ကိုက္ျဖတ္စားသည့္ အေကာင္အရြယ္ေရာက္လာပါက ႏွိမ္ႏွင္းရခက္ခဲေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - မမသမီး(တံုတာ)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ရပ်ကွက်(၁)၊ မိုင်းကာကျေးရွာတွင် ငမြှောင်တောင်ပိုး (FAW)ကျရောက်မှု ကြိုတင်ကာကွယ်ရေး နှင့်အတူ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအတွင် ၂၀၁၉ခုနှစ် မေလ(၁၇)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တုံတာမြို့အုပ်​ချုပ်​​ရေးမှူး ဦးဆလိုင်​းတင်​့နိုင်​ဝင်​းက ဟောပြောပွဲသို့ တက်ရောက်လာသူများအား ယခုလို ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငမြှောင်တောင်ပိုး ငမြှောင်တောင်ပိုး (Fall Army Worm -FAW)ကျရောက်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်ရာအကြောင်းအရာများကို စိုက်ပျိုးရေးဦးစီးဌာန၏ တာတုံမြို့ဦးစီးမှူး ဦးဇော်ဝင်းမြင့်သန်းက ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များ ဖြနေ့်ဝခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဆောင်ရန်၊ ရှောင်ရန် နှင့် သတိပြုရန်အကြောင်းအရာများ အပြင် လတ်တလော ဖြစ်ပေါ်နေသည့် အပူဒဏ်နှင့် ပတ်သက်၍လည်း ကာကွယ်ရေးအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တုံတာမြို့ဦးစီးမှူး ဒေါ်သီတာကျော်ဝင်းက အသိပညာပေးပြောကြားသည်။

ငမြှောင်တောင်ပိုးနှင့် ပတ်သက်၍ ငမြှောင်တောင်ပိုးသည် စိုက်ခင်းများကို ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးဖျက်ပိုးများဖြစ်ပြီး ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်လျှင် ဥပေါင်း (၁၀၀)မှ (၁၅၀)ကျော်အထိ ဥချနိုင်ကြောင်း နှင့် ဖလံပိုးဥများသည် နှစ်ရက်မှ သုံးရက်အတွင်း လောက်ကောင်များအဖြစ် ပေါက်ပွားကာ အရွက်မျက်နှာပြင်အောက်ဘက်ကို ခြစ်၍ စားသောက်ကြခြင်းဖြစ်ကာ ကိုက်ဖြတ်စားသည့် အကောင်အရွယ်ရောက်လာပါက နှိမ်နှင်းရခက်ခဲလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - မမသမီး(တုံတာ)

  

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net