နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် စတင်သည့်နေ့တွင် တာချီလိတ်၌ ပါတီအချို့ လှုပ်ရှားမှုများ စတင်

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် စတင်သည့်နေ့တွင် တာချီလိတ်၌ ပါတီအချို့ လှုပ်ရှားမှုများ စတင်
စက်တင်ဘာ 8, 2020
By Tachileik News Agency
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် စတင်သည့်နေ့တွင် တာချီလိတ်၌ ပါတီအချို့ လှုပ်ရှားမှုများ စတင်
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးစတင်ခွင့်ပြုသည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် တာချီလိတ်မြို့၌ ပါတီအချို့၏ လှုပ်ရှားမှုများ စတင်ဆောင်ရွက်လာသည်ကို တွေ့ရသည်။
"ဒီနေ့က ပြည်နယ်အောင်နိုင်ရေးလာတယ်။ ထောက်ပံ့ကြေးတွေပေးသွားတယ်။ မြို့ထဲမှာ လှည့်တယ်ဆိုတာက လူငယ်တွေက သူတို့ဘာသာသူတို့ လှည့်ကြတာ။ ပါတီက မလုပ်သေးဘူး"ဟု တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် COVID-19 ကာလဖြစ်ပေါ်နေသည့်အတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မဲဆွယ်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
"ပါတီက ဒီနေ့တော့ စည်းရုံးရေးလုပ်ငန်းတွေ မလုပ်သေးပါဘူး။ မြို့ပေါ်ရပ်ကွက်တွေက ပါတီဝင်လူငယ်တွေနဲ့ ပါတီခရိုင်၊ မြို့နယ်ကော်မတီအဖွဲ့ဝင်တွေ တွေ့ဆုံပွဲလုပ်ပါတယ်။ ပါတီမုဒ်ဦး နိုင်ငံတော်အလံစိုက်ထူတယ်။  အောင်နိုင်ရေး အလံလွှင့်ထူတယ်"ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တာချီလိတ်ခရိုင် ဥက္ကဌ ဦးဘိုစံက ပြောသည်။
နိုင်ငံရေးပါတီအချို့က ပါတီအမှတ်တံဆိပ်ပါသည့် ပစ္စည်းများကို လိုက်လံဝေပေးခြင်းကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။
"အရင်ကတည်းက ဒီအစီအစဉ်တွေကရှိခဲ့တယ်။ ထီးတို့ ဖန်ခွက်တို့ဝေတာကတော့ လိုဂိုတွေ၊ စာတမ်းတွေပါတော့ စည်းရုံးရေးကာလစောင့်ပြီးဝေရတာပေါ့ "ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ တာချီလိတ်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းလွယ်ခမ်းက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  နိုင်ငံရေးပါတီ (၁၁)ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~