အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် ဇူလိုင် (၁၃)တွင် စတင်မည်

အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် ဇူလိုင် (၁၃)တွင် စတင်မည်
ဇူလိုင် 12, 2020
By Tachileik News Agency

အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် ဇူလိုင် (၁၃)တွင် စတင်မည်

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် Covid-19 ကာလအတွင်း ဇူလိုင်လ(၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ သတ်မှတ်လက်ခံမည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် COVID 19 ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

COVID 19 ထိန်းချုပ်ရန်ကြိုးစားဆဲကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘ၊ အုပ်ထိန်းသူများ လိုက်နာဆောင်ရွက်ရမည့် ရောဂါကာကွယ်ရေး နည်းလမ်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဌာနတို့က ထုတ်ပြန်ထားပြီးဖြစ်သည်။

ကျောင်းသို့ လာရောက်ချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask)၊ မျက်နှာအကာ (face shield)များကို စနစ်တကျ တပ်ဆင်လာရမည်ဖြစ်ပြီး ကျောင်းဝင်တံခါးဝင်ပေါက်တွင် တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးမှ တန်းစီကာ ကိုယ်အပူချိန်တိုင်းတာမှု ခံယူကြရမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက်ရှိသူများကို ကျောင်းဝန်းအတွင်း ဝင်ခွင့်ပေးမည် မဟုတ်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့်များကို ဇူလိုင်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနောက် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံအညွန်း - တာချီလိတ်ရှိ အထက(တာချီလိတ်) နှင့် အထက(ဆန်ဆိုင်း)တို့တွင် ပြင်ဆင်ထားမှု အခြေအနေ

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~