စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ COVID 19 ကာကွယ်ရေးညွှန်ကြားချက် မလိုက်နာပါက ပါဆယ်စနစ်သို့ ပြောင်းလဲကန့်သတ်မည်

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ COVID 19 ကာကွယ်ရေးညွှန်ကြားချက် မလိုက်နာပါက ပါဆယ်စနစ်သို့ ပြောင်းလဲကန့်သတ်မည်
စက်တင်ဘာ 11, 2020
By Tachileik News Agency
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ COVID 19 ကာကွယ်ရေးညွှန်ကြားချက် မလိုက်နာပါက ပါဆယ်စနစ်သို့ ပြောင်းလဲကန့်သတ်မည်
ရှမ်းပြည်နယ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် COVID 19 ကာကွယ်ရေးညွှန်ကြားချက်များ လိုက်နာမှုအားနည်းပါက ဆိုင်ထိုင်ရောင်းချခွင့်ပိတ်ပြီး ပါဆယ်စနစ်ဖြင့် ပြန်လည်ကန့်သတ်မည်ဖြစ်ကြောင်း သိရသည်။
“ အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထားတယ်။ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေကို သတ်မှတ်ထားတဲ့စည်းကမ်းတွေတိကျစွာ လိုက်နာစေဖို့ ၊ လိုက်နာမှုအားနည်းတယ်ဆိုရင် take a way (ပါဆယ်) စနစ်နဲ့ ပြန်လည်ကန့်သတ်ဆောင်ရွက်ဖို့ဆိုပြီးတော့။ ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို အကြောင်းကြားထားပြီးဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့က ပြောကြားထားသည်။
နိုင်ငံတွင်း ပြည်တွင်းကူးစက်မှုမြင့်လာနေ၍ COVID 19 ထိန်းချုပ်ကာကွယ်ရေးညွှန်ကြားချက်များကို COVID 19 အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက စက်တင်ဘာလ (၆)ရက်နေ့က ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းမှ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် COVID 19 ကာကွယ်ရေးညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုအခြေအနေကို မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများက စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 





 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~