သြဂုတ်လ (၁)ရက်နေ့မှစ၍ လူ (၁၅)ဦးအောက် စုဝေးခွင့်ပြုထားသော်လည်း အခမ်းအနားပွဲလမ်းသဘင်များ ကျင်းပခွင့်မပြုသေး

သြဂုတ်လ (၁)ရက်နေ့မှစ၍ လူ (၁၅)ဦးအောက် စုဝေးခွင့်ပြုထားသော်လည်း အခမ်းအနားပွဲလမ်းသဘင်များ ကျင်းပခွင့်မပြုသေး
ဇူလိုင် 30, 2020
By 🌸
သြဂုတ်လ (၁)ရက်နေ့မှစ၍ လူ (၁၅)ဦးအောက် စုဝေးခွင့်ပြုထားသော်လည်း အခမ်းအနားပွဲလမ်းသဘင်များ ကျင်းပခွင့်မပြုသေး

COVID 19 ကာကွယ်ရေးအတွက် ကန့်သတ်မိန့်များမှ ဖြေလျော့ပေးထားသည့် လုပ်ငန်းများရှိလာရာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှစ၍ ယခင်က လူ(၅)ဦးနှင့် (၅)ဦးအထက် စုဝေးခွင့် ကန့်သတ်ထားရာမှ လူ (၁၅)ဦးနှင့် (၁၅)ဦးအထက်သို့ ပြင်ဆင်ကန့်သတ်လိုက်သည်။

“စက်ရုံ၊ အလုပ်ရုံတွေ၊ အစိုးရကလုပ်တဲ့ အခမ်းအနားတွေတောင်မှ ကျန်းမာရေးက လမ်းညွှန်ချက်အတိုင်း လုပ်ရတာဆိုတော့ အခုက လူ (၁၅)ယောက်အောက်အထိ စုဝေးခွင့်ရတယ်ဆိုပေမဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေတော့ ကျင်းပခွင့်ပြုမထားသေးပါဘူး”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂၉)ရက်နေ့က ပြောသည်။

COVID 19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ခြွင်းချက်ပြုဖော်ပြထားသောကိစ္စရပ်များမှအပ လူ(၅)ဦးဖြစ်စေ၊ လူ(၅)ဦးအထက်ဖြစ်စေ စုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက ထုတ်ပြန်ကြေညာထားရာမှ ဇူလိုင်လ (၂၉)ရက်နေ့တွင် ယခင် လူ(၅)ဦးအစား လူ(၁၅)ဦးဟု အစားထိုးပြင်ဆင် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

COVID 19 ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံထားရသူအရေအတွက်မှာ ဇူလိုင်လ (၃၀)ရက်နေ့အထိ (၃၅၃)ဦး ရှိနေပြီဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~