ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် စစ်ဆေးပေးရန် စီစဉ်နေ

ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် စစ်ဆေးပေးရန် စီစဉ်နေ
အောက်တိုဘာ 1, 2020
By 🌸


ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် စစ်ဆေးပေးရန် စီစဉ်နေ
ရှမ်းပြည်နယ်အတွင်း ဝင်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား COVID 19 ကင်းစင်ကြောင်း ထောက်ခံချက်ရှိမှ ဝင်ခွင့်ပြုရန် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့၌ စတင်ကန့်သတ်လိုက်ပြီးနောက် rapid test kit များဖြင့် စစ်ဆေးပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်အဝင်မှာ စစ်ပေးမှာ။ ရလာတဲ့ test kit ပေါ်မူတည်ပြီး စီမံပေးမှာပါ။ အသေးစိတ်ကို မနက်ဖြန်မှာ ထပ်ပြီး ထုတ်ပြန်ပေးပါမယ်”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁)ရက်နေ့ ညပိုင်းတွင် ပြောသည်။
ရှမ်းပြည်နယ်အတွင်းသို့ အခြားဒေသများမှ ဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာပါရမည်ဟု သတ်မှတ်ထားသော်လည်း စစ်ဆေးရန် အခက်အခဲဖြစ်နေ၍ ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူထံ အောက်တိုဘာလ (၁)ရက်နေ့ ညပိုင်းက တင်ပြခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် rapid test kit များဖြင့် စစ်ဆေးပေးရန် ညွှန်ကြားချက် ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းရှိနေသည့် ရှမ်းပြည်နယ်အတွင်းသို့ အခြားဒေသများမှ ကုန်တင်ယာဉ်များ ဝင်ရောက်ခြင်းနှင့် ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များ ပြည်နယ်ပြင်ပထွက်ခွာခွင့်ကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ကန့်သတ်လိုက်ကြောင်း ပြည်နယ်အစိုးရက အောက်တိုဘာလ (၁)ရက်နေ့၌ ချက်ချင်းထုတ်ပြန်လိုက်ရာ ပြည်နယ်တွင်း ဝင်ရန် လမ်းကြောင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များအား ပိုးသတ်ဆေးဖြန်းကာ ယာဉ်မောင်းလဲ၍ ဝင်ရောက်စေရန် စီမံဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ပြည်နယ်တွင်းမှ ပြန်လည်ထွက်ခွာမည့် ကုန်တင်ယာဉ် ရာနှင့်ချီ၍ ရှိနေသည့်အပြင် တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏမှာ COVID 19 ကာလအတွင်း ယခင်နှစ်များက ကာလတူနှိုင်းယှဉ်သည့် ပမာဏထက်မြင့်နေ၍ ကုန်သွယ်ရေးမထိခိုက်စေရေးနှင့် COVID 19 ပျံ့နှံ့မှုမရှိစေရေးအတွက် တာဝန်ရှိသူများ ချိတ်ဆက်ညှိနှိုင်းနေကြောင်း သိရသည်။

“ နယ်စပ်ကုန်သွယ်ရေး မရပ်တန့်စေချင်သလို ရောဂါကူးစက်မှုလည်း မပျံ့ပွားစေချင်ပါဘူး။ အဲဒီကိစ္စကို မန္တလေးတိုင်းအစိုးရအဖွဲ့၊ ပြည်ထောင်စု စီးကူးဝန်ကြီးနဲ့ရှမ်းအစိုးရအဖွဲ့တို့ဒီညှိနှိုင်း နေ ပြီဖြစ်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်ခင်ဗျာ”

ဟု ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။
လက်ရှိတွင် ပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးပေးမည့် rapid test kit များကို ရှမ်းပြည်နယ်အစိုးရထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~