တာချီလိတ်မြို့တွင် ဒေသတွင်းကူးစက်အဖြစ် ပထမဆုံးတွေ့ရသည့် အနံ့ပျောက်အတည်ပြုလူနာ နှင့် လမ်းလုပ်သား အတည်ပြုနာ စုစုပေါင်း (၂)ဦး ဆေးရုံမှ ဆင်းခွင့်ရ

တာချီလိတ်မြို့တွင် ဒေသတွင်းကူးစက်အဖြစ် ပထမဆုံးတွေ့ရသည့် အနံ့ပျောက်အတည်ပြုလူနာ နှင့် လမ်းလုပ်သား အတည်ပြုနာ စုစုပေါင်း (၂)ဦး ဆေးရုံမှ ဆင်းခွင့်ရ
ဒီဇင်ဘာ 5, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ဒေသတွင်းကူးစက်အဖြစ် ပထမဆုံးတွေ့ရသည့် အနံ့ပျောက်အတည်ပြုလူနာ နှင့် လမ်းလုပ်သား အတည်ပြုနာ စုစုပေါင်း (၂)ဦး ဆေးရုံမှ ဆင်းခွင့်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသတွင်းကူးစက်မှုအဖြစ် စတင်တွေ့ရသည့် 1G1 ဟိုတယ်ဝန်ထမ်း အတည်ပြုလူနာ အပါအဝင် COVID-19 အတည်ပြုလူနာ (၂) ဦး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။
တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ COVID 19 ကုသရေးစင်တာတွင် ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ (၅၂) ဦးအနက် ပဲခူးတိုင်းမှ လာရောက်သည့် လမ်းလုပ်သား အတည်ပြုလူနာနှင့် ဒေသတွင်းကူးစက်မှုအဖြစ် စတင်တွေ့ရသည့် 1G1  ဟိုတယ်ဝန်ထမ်း အတည်ပြုလူနာ(၁) ဦးတို့ကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
တာချီလိတ်ဆေးရုံတွင် ကုသပေးရသည့် ပထမဆုံး COVID 19 လူနာအဖြစ် နိုဝင်ဘာလ (၂၂)ရက်နေ့က တွေ့ရသည့် ပဲခူးတိုင်းမှလာရောက်သည့် လမ်းလုပ်သားအတည်ပြုလူနာ (၁)ဦးမှာ ဒီဇင်ဘာ (၂) ရက်နေ့က ဆေးရုံမှဆင်းခွင့်ရရှိသွားခဲ့ပြီးနောက် နိုဝင်ဘာလ (၂၅)ရက်နေ့က အတည်ပြုလူနာများအဖြစ်တွေ့ခဲ့ရသည့် ပဲခူးတိုင်းမှ လမ်းလုပ်သားနှင့် ဒေသတွင်းကူးစက်မှုအဖြစ် စတွေ့သည့် 1G1 ဟိုတယ်ဝန်ထမ်းတို့မှာ ဒီဇင်ဘာလ (၅)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နေ့လည် (၁၂) နာရီအထိ COVID-19 အတည်ပြုလူနာများအဖြစ် ဒေသတွင်းကူးစက်မှု (၅၉) ဦးနှင့် အခြားဒေသမှလာသူ (၈) ဦး စုစုပေါင်း (၆၇) ဦးရှိနေပြီး ဆေးရုံမှဆင်းခွင့်ရသူ (၃) ဦးရှိပြီဖြစ်၍ လက်ရှိတွင် (၆၄) ဦးကို တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းနှင့် မိုကုတ်ဝိပဿနာရိပ်သာတို့တွင် ထားရှိကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~