နမ့်စန်လေတပ်မှ ရဟတ်ယာဉ်များ မြို့၏ တောင်ဘက် ရှမ်း - ကယားနယ်စပ်ဘက်သို့ ဦးတည်ထွက်ခွာ

နမ့်စန်လေတပ်မှ ရဟတ်ယာဉ်များ မြို့၏ တောင်ဘက် ရှမ်း - ကယားနယ်စပ်ဘက်သို့ ဦးတည်ထွက်ခွာ
ဇန်နဝါရီ 6, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ လေတပ်စခန်းကနေ စစ်ယာဉ် (၁၀)စီးကျော် မြို့၏ တောင်ဘက် ရှမ်း-ကယားနယ်စပ်ဘက်သို့ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့  နံနက်(၉)နာရီခွဲအချိန်ကစတင်ပြီး  ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။

တစ်စီးနဲ့ တစ်စီး (၅)မိနစ်ခြား တက်လာတယ်။ ခုဆိုရင် (၁၀)စီးကျော်ပြီ။ နမ့်စန်တောင်ဘက်ဆိုတော့ ကယားနယ်စပ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ(၅)ရက်နေ့ကလည်း စစ်ရဟတ်ယာဉ် အပါအဝင် စစ်လေယာဉ် (၁၀)စီးကျော်သည် နမ့်စန်မြို့၏ မြောက်ဘက်သို့ ပျံသန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ လေတပ်သည် မြေပြင်ခရီးလမ်းများတွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားစနစ် တိုက်ခိုက်မှုများကြောင့် အထိနာမှုများရှိလာသည့်အတွက် လေကြောင်းများ အသုံးပြုကာ ကင်းထောက်ခြင်း၊ ဝါဒဖြန့်စာရွက်များ ဖြန့်ကြဲခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအတွက် အသုံးပြုလာနေခြင်း ဖြစ်သည်။