ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အားလုံး ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ဖြစ်သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်၏ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စည်ပင်သာယာရေးဝန်ကြီးက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်၏ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)နေရာတွင် လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၏  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)နေရာတွင် လည်းကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး စိုင်းရှဲန်တစ်(ပ်)လုံ (ခ) 

 စိုင်းဆိုင်တစ်(ပ်)လုံက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၏  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)နေရာတွင် လည်းကောင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးစိုးညွန့်လွင်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၏  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် လည်းကောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့ဝင်များထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဝင်များဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၏  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လူမှုရေး ဝန်ကြီး  ဒေါက်တာမျိုးထွန်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ဦးခွန်ရဲထွေး က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့်  ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် နှင့် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးဇုတ်ဒေါင် တို့သည်  တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကျန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့်  အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးလှိုင် (ခ) ဒေါက်တာထွန်းလှိုင် နှင့်  ကယန်း(ပဒေါင်)တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး  ဦးခွန်းအေးမောင် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
 အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးအာဗေလ သည် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးဂူဆာသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးယောသပ်သည် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ရှမ်းပြည်နယ် တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်နေရာဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး နေရာသည်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များထဲက တစ်ဦးကို ခန့်ထားခြင်း ဖြစ်၍  ဝင်ရောက်ယှဉ်ပြိုင်စရာမလိုပေ။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~