၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွက် အထူးရဲ (၄၅၀၀)ကျော် ချထားမည်

၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွက် အထူးရဲ (၄၅၀၀)ကျော် ချထားမည်
သြဂုတ် 24, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွက် အထူးရဲ (၄၅၀၀)ကျော် ချထားမည်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွက် အထူးရဲ (၄၅၂၄)ဦး၊ အရန်ရဲ (၁၂၀)ဦး ရွေးချယ်ထားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
“မကွေးတိုင်းဒေသကြီးအတွင်း မဲရုံ (၄,၅၂၄)ရုံ ရှိမှာဖြစ်လို့ အထူးရဲ (၄,၅၂၄)ဦး၊ အရန်ရဲ(၁၂၀)ဦး ရွေး ချယ်ထားပြီးဖြစ်ပါတယ်။ အထူးရဲတွေကို လေ့ကျင့်ပေးနိုင်ဖို့ ကျွန်တော်တို့တပ်ဖွဲ့ ကိုယ်စားပြုတွေ ဌာနချုပ်မှာ သွားရောက်လေ့ကျင့်ပြီး မြို့နယ်အလိုက် ခရိုင်အလိုက် တစ်လတိတိ ဆက်လက် လေ့ကျင့်ပေး သွားမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဲရုံ(၄၅၂၄)ရုံနှင့် လက်လှမ်းမီရာနေရာများ၌ အရာရှိဦးစီးသည့် တပ်ဖွဲ့ဝင်(၁၀)ဦးစီဖြင့် လုံခြုံရေးဇုန်(၁၉၉)ခု ထားရှိကာ တယ်လီဖုန်း ဆက်သွယ်မရရှိနိုင်သော နေရာများအတွက်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစနစ်များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး မဲရုံတစ်ရုံ တွင် အထူးရဲ(၁)ယောက် မဲရုံ၏ ကိုက်(၅၀၀)အတွင်းထားရှိ၍ ကျန်ရဲတပ်ဖွဲ့များက ကိုက်(၅၀၀)ပြင်ပမှ  လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲဆိုတာ အန္တရာယ်မျိုးစုံဖြစ်လာနိုင်တာကြောင့် ဘယ်လိုမှ လုံခြုံရေးကျိုးပေါက်လို့မဖြစ်ပါ ဘူး။ ဒီအတွက် ကြိုတင်ပြင်ဆင်ပြီး စီမံချက်တွေလည်းရေးဆွဲပြီးပါပြီ။  စီမံချက်အတိုင်း ဆက်လက်အ ကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေပါတယ်။ မဲပေးတဲ့ပြည်သူတွေ သွားလာရာလမ်းကြောင်း တစ်လျှောက်မှာ အနှောက်အယှက်မဖြစ်စေဖို့ နယ်မြေကင်းတွေ ချထားမှာဖြစ်ပြီး အရန်မီးသတ် (၁၃၀၀၀)ကျော် ပူးပေါင်းပါဝင်တဲ့  ရပ်ကင်း၊ လှည့်ကင်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု တိုင်း ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သော ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အမှုပေါင်း (၄၅)မှုဖြစ်ခဲ့ရာ ပြည်သူလူထုကြောင့် ဖြစ်ပေါ်ခဲ့သည့်အမှုမှာ (၁၂)မှုသာရှိ၍ အများစုမှာ မဲရုံပတ်ဝန်းကျင်တွင် မူးယစ်ခြင်း၊ ဆူညံခြင်း၊ အသံချဲ့စက်ဖွင့်ခြင်းတို့ကြောင့် ဖြစ်ခဲ့ပြီး ကျန်အမှုများမှာ   လွှတ်တော်ကိုယ်စားလှယ်များက အချို့ကိစ္စများ၌ ပြေလည်မှုမရှိသဖြင့် တိုင်တန်းသည့်အမှုများဖြစ်ပြီး ကြီးကြီးမားမားအမှု မရှိခဲ့ဟု သိရသည်။ 
၂၀၂၀ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီးအတွင်း  နိုင်ငံ‌ရေး ပါတီ(၁၄)ခုနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း  ပြည်သူ့လွှတ်တော်အတွက် (၁၃၅)ဦး၊ အမျိုးသား လွှတ်တော်အတွက် (၆၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက်(၂၇၃)ဦး၊ ချင်း တိုင်းရင်းသားအတွက် (၁၁)ဦး စုစုပေါင်း (၄၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။ 
 Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~