တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင်ပွဲမှ မီးပုံးပျံ (၆၅) လုံးကို ဆုချီးမြှင့်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင်ပွဲမှ မီးပုံးပျံ (၆၅) လုံးကို ဆုချီးမြှင့်
နိုဝင်ဘာ 12, 2019
By Tachileik News Agency
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင်ပွဲမှ မီးပုံးပျံ (၆၅) လုံးကို ဆုချီးမြှင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကွင်းတွင် (၈) ရက်ကြာ ယှဉ်ပြိုင်ခဲ့ကြသည့် တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲမှ အကဲဖြတ်ဒိုင်များ ရွေးချယ်ထားသည့် နေ့လွှတ်အရုပ်နှင့် ညမီးကြီး စိန်နားပန် ဆုရမီးပုံးပျံ (၆၅) လုံးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၁၂) ရက်နေ့တွင် ညပိုင်းတွင် ဆုချီးမြှင့်မည်ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြီး စုစုပေါင်း မီးပုံးပျံ (၃၉၄) လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် မီးပုံးပျံများအနက် ညမီးကြီးမှ (၁၀) ဆု၊ စိန်နားပန်မှ (၁၀) ဆု၊ နေ့လွှတ်အရုပ် ခြေ (၂) ချောင်းမှ (၁၅) ဆု၊ နေ့လွှတ်အရုပ် ခြေ (၄) ချောင်းမှ (၁၅) ဆု၊ နေ့လွှတ်အရုပ်အုပ်စုမှ (၁၅) ဆု စုစုပေါင်း (၆၅) ဆုကို အကဲဖြတ်ဒိုင်များက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်း တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့်အတူ ဆုများ ချီးမြှင့်နပြေီဖြစ်သည်။

ညမီးကြီးထဲမှ ပထမဆု တိမ်ယံ၊ ဒုတိယဆု ဓာတ်ခဲ(အေ)၊ တတိယဆု သွေးသစ်၊ စတုတ္ထဆု လူပဲ့(ရွှေကောင်းစံ)၊ ပဉ္စမဆု မိုင်းပွန်တို့ရရှိခဲ့ပြီး ဂုဏ်ပြုဆုအနဖြေင့် ချင်းတွင်းကောလိပ်၊ သုခဓနု၊ ပွဲစားအို၊ KBZ Bank၊ ရွှေမေတ္တာတို့က ရရှိသွားသည်။

စိန်နားပန်ထဲမှ ပထမဆု ရောင်စုံ၊ ဒုတိယဆု ဒိန်ချဉ်၊ တတိယဆု မော့ကြည့်၊ စတုတ္ထဆု သိဒ္ဓိ၊ ပဉ္စမဆု နကြောစေ့တို့ရရှိခဲ့ပြီး ဂုဏ်ပြုဆုအနဖြေင့် ရွှေမေတ္တာ၊ ရွှေဓနု၊ လမ်းပြကြယ်၊ တောင်ပေါ်ချယ်ရီနှင့် Air KBZ တို့မှရရှိခဲ့သည်။

နေ့လွှတ်အရုပ် ခြေ (၂) ချောင်းထဲမှ ပထမဆု ဆိုင်မောင်း၊ ဒုတိယဆု လေဗွေ၊ တတိယဆု အဝါရောင်ပရဟိတ၊ စတုတ္ထဆု ရှယ်ချော၊ ပဉ္စမဆု ရုံးချစ်တို့ရရှိခဲ့ပြီး ဂုဏ်ပြုဆုအနဖြေင့် တိမ်ယံ၊ ငြိမ်းချမ်း၊ The King၊ ဇွန်ပျော်၊ တူရိုး၊ နှင်းတောင်၊ ရှယ်ပြော၊ UMT Group၊ တောင်ပိုင်းမီးနှင့် တိမ်ယံတို့ ရရှိခဲ့သည်။

နေ့လွှတ်အရုပ် ခြေ (၄) ချောင်းထဲမှ ပထမဆု ပလုပ်တုတ်၊ ဒုတိယဆု လူဝ၊ တတိယဆု ခမ်းရှဲန်၊ စတုတ္ထဆု ဆိုင်မောင်း၊ ပဉ္စမဆု ရှမ်းလေးတို့ရရှိခဲ့ပြီး၊ ဂုဏ်ပြုဆုအနဖြေင့် လူရိုင်း၊ စုပေါင်း၊ အပျော်လူသား၊ ငြိမ်းချမ်း၊ ရုံးပျော်၊ လေပြေ၊ ခမ်းကောင်၊ မင်္ဂလာဂူ၊ ရှေ့ဆောင်၊ ငြိမ်းချမ်းတို့မှ ရရှိခဲ့သည်။

နေ့လွှတ်အရုပ်အုပ်စုတွင် ပထမဆု အယ်အိုး၊ ဒုတိယဆု လျှပ်စစ်မီး၊ တတိယဆု မိုးမင်း၊ စတုတ္ထဆု ဖိုးသားမီး၊ ပဉ္စမဆု ချန်ကူး၊ ဂုဏ်ပြုဆုအနဖြေင့် ဒိုးလေး၊ ဖိုးသား၊ Y လေး၊ မော်ကွန်း၊ အိမ်ရှင်မီး၊ ချန်ကူး၊ အင်းသွေးသစ်၊ ဓလေ့မီး၊ ချန်ကူး၊ The King တို့က ရရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net