ရွမ္းျပည္နယ္အေရွ႕ပိုင္း ႏွင့္ ေတာင္ပိုင္းတို႔ရွိ ဘိန္းစိုက္ေဒသမ်ားတြင္ (၃)ရက္အတြင္း ဘိန္းစိုက္ခင္း စုစုေပါင္း (၁၆၅)ဧကခြဲ ရွင္းလင္းဖ်က္ဆီး

ရွမ္းျပည္နယ္အေရွ႕ပိုင္း ႏွင့္ ေတာင္ပိုင္းတို႔ရွိ ဘိန္းစိုက္ေဒသမ်ားတြင္ (၃)ရက္အတြင္း ဘိန္းစိုက္ခင္း စုစုေပါင္း (၁၆၅)ဧကခြဲ ရွင္းလင္းဖ်က္ဆီး
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔ရွိ အခ်ဳိ႕ေသာ ေက်းရြာမ်ားရွိ ဘိန္းစိုက္ခင္း မ်ားအား (၃)ရက္အတြင္း စုစုေပါင္း (၁၆၅)ဧကခြဲအား စုေပါင္း ဖ်က္ဆီးခဲ့ရာတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ဘိန္းခင္းအမ်ားဆံုး ပါ၀င္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္ ထီတလိေက်းရြာ ႏွင့္ (၄)ဖာလံုခန္႔အကြာတြင္ ဘိန္းစုိက္ခင္း (၂၃)ဧကကို လည္းေကာင္း၊ ဟိုပံုးၿမိဳ႕နယ္ တုတ္ေစာက္ေက်းရြာတြင္ ဘိန္းစို္က္ခင္း (၂၅)ဧကကို လည္းေကာင္း၊ ပင္ေလာင္းၿမိဳ႕နယ္ ေညာင္ပင္ေက်းရြာတြင္ ဘိန္းစိုက္ခင္း (၁၁)ဧကကို လည္းေကာင္း၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕နယ္၊ ကတ္ထုတ္ေက်းရြာအုပ္စုအတြင္း၌ ဘိန္းစိုက္ခင္း (၁၀)ဧကကို လည္းေကာင္း ဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

အလားတူပင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္၊ လြယ္ေဆာင္ေက်း႐ြာ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၁)ရက္ေန႔က ဘိန္းစိုက္ခင္း (၂၉)ဧကကို လည္းေကာင္း၊ ဟိုပံုးၿမိဳ႕နယ္၊ ဖက္ရမ္းေက်းရြာတြင္ ဘိန္းစိုက္ခင္း (၂၈)ဧက ကိုလည္းေကာင္း၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံ ၿမိဳ႕နယ္၊ ေနာင္ဆုန္(၂)ေက်း႐ြာတြင္ ဘိန္းစိုက္ခင္း (၂.၅)ဧကကို လည္းေကာင္း ပူးေပါင္းအဖြဲ႔မွ ခုတ္ထစ္ဖ်က္ဆီးေစခဲ့ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟိုပံုးၿမိဳ႕နယ္၊ ဖက္ရမ္းႀကီးေက်းရြာတြင္ ဘိန္းစိုက္ခင္း (၂၈)ဧကကို လည္းေကာင္း၊ ဆီဆိုင္ၿမိဳ႕နယ္၊ လြယ္ေဆာင္ေက်း႐ြာအနီးတြင္ ဘိန္းစိုက္ခင္း (၁၀)ဧကကို လည္းေကာင္း၊ ပင္ေလာင္းၿမိဳ႕နယ္ လြယ္အယ္ေက်းရြာတြင္ ဘိန္းစိုက္ခင္း (၁၀)ဧကကို လည္းေကာင္း ဖ်က္ဆီးရွင္းလင္းခဲ့ေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ဳိးသည့္ ေဒသမ်ားတြင္ ႏွစ္စဥ္ ဒီဇင္ဘာလမွ ဇန္န၀ါရီလအထိ ဖ်က္ဆီးမႈမ်ားကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ား၊ သက္ဆိုင္ရာဌာနမ်ား ႏွင့္ ေဒသတာ၀န္ရွိသူမ်ား ပူးေပါင္း၍ ဖ်က္ဆီးေလးရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ရှိ အချို့သော ကျေးရွာများရှိ ဘိန်းစိုက်ခင်း များအား (၃)ရက်အတွင်း စုစုပေါင်း (၁၆၅)ဧကခွဲအား စုပေါင်း ဖျက်ဆီးခဲ့ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဘိန်းခင်းအများဆုံး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီတလိကျေးရွာ နှင့် (၄)ဖာလုံခန့်အကွာတွင် ဘိန်းစိုက်ခင်း (၂၃)ဧကကို လည်းကောင်း၊ ဟိုပုံးမြို့နယ် တုတ်စောက်ကျေးရွာတွင် ဘိန်းစို်က်ခင်း (၂၅)ဧကကို လည်းကောင်း၊ ပင်လောင်းမြို့နယ် ညောင်ပင်ကျေးရွာတွင် ဘိန်းစိုက်ခင်း (၁၁)ဧကကို လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ ကတ်ထုတ်ကျေးရွာအုပ်စုအတွင်း၌ ဘိန်းစိုက်ခင်း (၁၀)ဧကကို လည်းကောင်း ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

အလားတူပင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ဘိန်းစိုက်ခင်း (၂၉)ဧကကို လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာတွင် ဘိန်းစိုက်ခင်း (၂၈)ဧက ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်၊ နောင်ဆုန်(၂)ကျေးရွာတွင် ဘိန်းစိုက်ခင်း (၂.၅)ဧကကို လည်းကောင်း ပူးပေါင်းအဖွဲ့မှ ခုတ်ထစ်ဖျက်ဆီးစေခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် ဘိန်းစိုက်ခင်း (၂၈)ဧကကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအနီးတွင် ဘိန်းစိုက်ခင်း (၁၀)ဧကကို လည်းကောင်း၊ ပင်လောင်းမြို့နယ် လွယ်အယ်ကျေးရွာတွင် ဘိန်းစိုက်ခင်း (၁၀)ဧကကို လည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ ဖျက်ဆီးမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာဌာနများ နှင့် ဒေသတာဝန်ရှိသူများ ပူးပေါင်း၍ ဖျက်ဆီးလေးရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~