ထိုင်းနိုင်ငံဘက်က လွှဲလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော်ကို တာချီလိတ်တွင် Quarantine ထား

ထိုင်းနိုင်ငံဘက်က လွှဲလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော်ကို တာချီလိတ်တွင် Quarantine ထား
စက်တင်ဘာ 17, 2020
By Tachileik News Agency
ထိုင်းနိုင်ငံဘက်က လွှဲလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော်ကို တာချီလိတ်တွင် Quarantine ထား
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာမှာ ထိုင်းနိုင်ငံကပြန်လည်လွှဲပြောင်းလာတဲ့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားတွေကို Quarantine ထားရှိရာမှာ သတ်မှတ်စည်းကမ်းချက်တွေလိုက်နာဖို့လိုတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီလို Quarantine  ထားရှိချိန်မှာ ကိုယ့်စားရိတ်နဲ့ကိုယ် နေထိုင်ရမှာဖြစ်ပေမယ့် တာချီလိတ် ဒေသခံ စေတနာရှင် အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေရှိနေတဲ့ အတွက် ကျွေးမွေးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
၂၀၂၀ ခုနှစ် စက်တင်ဘ (၁၆) ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တာချီလိတ်မြို့ကို သတ်မှတ်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၂၁) ဦးကို လွှဲပြောင်းလာရာမှာ မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center မှာထားရှိပြီး COVID-19 Negative အဖြေထွက်မှသာ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
Quarantine Center မှာ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားတွေကို ထားရှိချိန်မှာ Center ကနေထွက်ပြေးမှုတွေလည်း ရှိနေတဲ့အတွက် လုံခြုံရေးတွေ ထပ်မံတိုးမြှင့်ထားရှိပါတယ်။
 Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~