တာချီလိတ်မြို့နယ်အတွက် အချက်(၁၄)ချက်ဖြင့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး

တာချီလိတ်မြို့နယ်အတွက် အချက်(၁၄)ချက်ဖြင့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး
မေ 1, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွက် အချက်(၁၄)ချက်ဖြင့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး

တာချီလိတ်မြို့နယ်အတွင်း နာရေးမှလွဲ၍ လူစုလူဝေး နှင့် ပွဲလမ်းသဘင်များ၊ သင်တန်းများ၊ ဟောပြောပွဲများ အခမ်းအနားများ မပြုလုပ်ရန် နှင့် KTV နှင့် Bar များ မဖွင့်လှစ်ရန် တားမြစ်ထားသည့် ဒေသန္တရအမိန့်အား သတ်မှတ်ရက်ထက် ၂၀၂၀ခုနှစ် မေလ(၁၅)ရက်နေ့အထိ တိုးမြှင့်လိုက်သည်။

ကူးစက်မှုမြန်ဆန်သည့် COVID-19 ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်  အချက် (၁၄)ချက် ပါဝင်သည့် သတ်မှတ်ချက်များအား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ပြီး ၂၀၂၀ခုနှစ် မေလ (၁၅)ရက်နေ့အထိ အတည်ဖြစ်ကြောင်းနှင့် အမိန့်အား လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက လက်မှတ်ရေးထားကာ ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် ယင်းကန့်သတ်ချက်များ အပြင် ည(၁၀)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ဇွန်လ(၂၂)ရက်နေ့အထိ တိုးမြှင့် ထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~