ကျိုင်းတုံမြို့ရှိ အထက(၄) စစ်တပ်ကျောင်းတွင် ဗုံးလာခွဲမည်ဟု သတင်းထွက်နေ၍ ကျောင်းသားများကို အိမ်ပြန်ခိုင်းပြီး ရှာဖွေ စစ်ဆေးနေ

ကျိုင်းတုံမြို့ရှိ အထက(၄) စစ်တပ်ကျောင်းပုံ
ကျိုင်းတုံမြို့ရှိ အထက(၄) စစ်တပ်ကျောင်းပုံ
ကျိုင်းတုံမြို့ရှိ အထက(၄) စစ်တပ်ကျောင်းတွင် ဗုံးလာခွဲမည်ဟု သတင်းထွက်နေ၍ ကျောင်းသားများကို အိမ်ပြန်ခိုင်းပြီး ရှာဖွေ စစ်ဆေးနေ
ဖေဖော်ဝါရီ 3, 2022 | ရှမ်းရှေ့

တြိဂံဒေသတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စစ်တပ်မိသားစုဝင်အများစု တက်ကြပြီး စစ်တပ်အုပ်ချုပ်သည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နေ့လည်ပိုင်းတွင် ဗုံးထောင်ထားသည်ဟု သတင်းထွက်၍ ကျောင်းသားများကို အိမ်ပြန်ခိုင်းပြီး ကျောင်းတွင်း အပြင် လမ်းပိတ်ကာ စစ်ဆေးနေကြောင်း   သိရသည်။

ကျောင်းဝန်းထဲမှာ ဗုံးထောင်ထားတယ် ကြားလို့တဲ့၊ ဒီနေ့ နေ့လည်မှာ လာခွဲမှာ ကြောက်လို့ဆိုပြီး အခုနေ့လည်မှာ ကလေးတွေကို မိဘတွေလာကြိုခိုင်းတယ်၊ လမ်းလည်း ပိတ်ထားတယ်

ဟု ကျောင်းသားမိဘတစ်ဦးက Tachieik News Agency သို့ ပြောသည်။

ဖေဖော်ဝါရီလ(၁)ရက်နေ့က တာချီလိတ်မြို့၏ ဗုံးကွဲမှု အရှိန်အဟုန်ကြောင့် တာချီလိတ်မြို့အနီး ကျိုင်းတုံမြို့တွင် လုံခြုံရေးများ တင်းကြပ်ထားပြီး၊ စစ်ဆေးခြင်း နှင့် ကင်းလှည့်ခြင်းများပါ တိုးမြှင့်ထားသည်ဟု သိရသည်။

#TachileikNewsAgency