တာချီလိတ်မြို့ မြို့မသုသာန်သစ်(ပုံလို့) အတက်လမ်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း အမှိုက်ကောက်

တာချီလိတ်မြို့ မြို့မသုသာန်သစ်(ပုံလို့) အတက်လမ်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း အမှိုက်ကောက်
နိုဝင်ဘာ 1, 2019
By 🌸
တာချီလိတ်မြို့ မြို့မသုသာန်သစ်(ပုံလို့) အတက်လမ်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း အမှိုက်ကောက်
*************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာရှိ မြို့မသုသာန်သစ်(ပုံလို့) အတက်လမ်း တလျှောက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ စည်ပင်သာယာရေးဌာနအပါအဝင် ဌာနအသီးသီးမှ ဝန်ထမ်းများ၊ ဗမာတိုင်းရင်းသားရေးရာအဖွဲ့နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က ပူးပေါင်းပါဝင်ကြခြင်းဖြစ်သည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကို ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့တွင် မြို့မသုသာန်သစ်(ပုံလို့)၌ ကျင်းပခဲ့ရာ လာရောက်သူများပြားလွန်းသဖြင့် အမှိုက်ပုံးများထားရှိပေးသော်လည်း မလုံမလောက်ဖြစ်ခဲ့၍ အမှိုက်များ ကျန်နေခဲ့ရာ အောက်တိုဘာလ (၃၁)ရက်နှင့် နိုဝင်ဘာလ (၁)ရက်နေ့များ၌ စုပေါင်းအမှိုက်ကောက်နေကြခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕မသုသာန္သစ္(ပံုလို႔) အတက္လမ္းတြင္ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား စုေပါင္း အမိႈက္ေကာက္
*************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္လံုးေက်းရြာရိွ ၿမိဳ႕မသုသာန္သစ္(ပံုလို႔) အတက္လမ္း တေလွ်ာက္တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁) ရက္ေန႔က ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား စုေပါင္းအမိႈက္ေကာက္ခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၊ စည္ပင္သာယာေရးဌာနအပါအဝင္ ဌာနအသီးသီးမွ ဝန္ထမ္းမ်ား၊ ဗမာတိုင္းရင္းသားေရးရာအဖြဲ႕ႏွင့္ မဇၨိ်မလူမႈကူညီေရးအသင္းတို႔က ပူးေပါင္းပါဝင္ၾကျခင္းျဖစ္သည္။

မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိစ်ာပနကို ၂၀၁၉ ခုနွစ္ ေအာက္တိုဘာ (၃၀) ရက္ေန႔တြင္ ၿမို႕မသုသာန္သစ္(ပံုလို႔)၌ က်င္းပခဲ့ရာ လာေရာက္သူမ်ားျပားလြန္းသျဖင့္ အမိႈက္ပံုးမ်ားထားရိွေပးေသာ္လည္း မလံုမေလာက္ျဖစ္ခဲ့၍ အမိႈက္မ်ား က်န္ေနခဲ့ရာ ေအာက္တိုဘာလ (၃၁)ရက္ႏွင့္ နိုဝင္ဘာလ (၁)ရက္ေန႔မ်ား၌ စုေပါင္းအမိႈက္ေကာက္ေနၾကျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net