မိုင်းယောင်းမြို့တွင် ကိုဗစ် ကြိုတင်ကာကွယ်ရေး ကားဖြင့်ပါ လှည့်လည်ကာ အသိပေး

မိုင်းယောင်းမြို့တွင် ကိုဗစ် ကြိုတင်ကာကွယ်ရေး ကားဖြင့်ပါ လှည့်လည်ကာ အသိပေး
စက်တင်ဘာ 6, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် ကိုဗစ် ကြိုတင်ကာကွယ်ရေး ကားဖြင့်ပါ လှည့်လည်ကာ အသိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အတွက်  မြို့တွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ လိုက်လံ အသိပေးနှိုးဆော်နေကြောင်း သိရသည်။
မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပေးရာတွင် ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက Mask ကိုများ တပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးရန်၊  Social Distancing ကို တိတိကျကျ လိုက်နာရန် စသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်များ၊ ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ကာကွယ်ပါ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ နေ့စဉ် ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရန်၊ ပွဲလမ်းသဘင်၊ အခမ်းအနားပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန်၊ မိမိနေအိမ်အတွင်း နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်ကြရန် စသည့် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အသိပေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များဖြင့် ၂၀၂၀ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လိုက်လံ အသိပေးနှိုးဆော်နေခြင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~