တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာလိုင်စင် မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်လိုသူ (၁၀၀)ကျော် စာရင်းပေးထား

တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာလိုင်စင် မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်လိုသူ (၁၀၀)ကျော် စာရင်းပေးထား
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာလိုင်စင် မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်လိုသူ (၁၀၀)ကျော် စာရင်းပေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ တစ်ဖက်နိုင်ငံ မယ်ဆိုင်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်လိုသည့် မြန်မာလိုင်စင်မော်တော်ယာဉ်များ စတင်စာရင်းကောက်ယူသည့် ၂၀၂၀ ခုနှစ်၊ (၂၁)ရက်နေ့တွင် အစီးရေ (၁၀၀) ကျော် လာရောက်စာရင်းပေးသွင်းထားကြောင်း သိရသည်။
တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းသွားရောက် သယ်ဆောင်လိုသည့် မြန်မာလိုင်စင်မော်တော်ယာဉ်များ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆက်လက်စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး အဆိုပါယာဉ်များအား ယာဉ်ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ဆောင်ကာ ကုန်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်ရပါက မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် နေ့စဉ်အလှည့်ကျပြေးဆွဲသွားနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်က မြန်မာလိုင်စင်မော်တော်ယာဉ် (၆)စီးကိုသာ အမှတ် (၂)ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့်ပြုထားရာ တံတားဖြတ်သန်းကုန်ပစ္စည်းတင်လိုသည့် မြန်မာလိုင်စင် မော်တော်ယာဉ်များ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်ပစ္စည်းတင်ပို့နေသည့် မော်တော်ယာဉ်များ၏ ထက်ဝက်ခန့်ကို မယ်ဆိုင်ဘက်က လျှော့ချပစ်လိုက်ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့်ရ မော်တော်ယာဉ်စာရင်းတွင် မြန်မာဘက်မှ မော်တော်ယာဉ် (၆)စီးကိုသာ ခွင့်ပြုထားသဖြင့် မယ်ဆိုင်ဘက်မှ မော်တော်ယာဉ် (၆)စီးသာ ဝင်ရန် ပြန်လည်ကန့်သတ်ထားခြင်းဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ နေ့စဉ် မြန်မာလိုင်စင် မော်တော်ယာဉ် (၆)စီးနှင့် ထိုင်းလိုင်စင် မော်တော်ယာဉ် (၆)စီး စီသာ ယာဉ်မောင်းများလဲလှယ်သည့်စနစ်ဖြင့် ခေါက်ပြန်သယ်ယူပို့ဆောင်ခွင့်ပေးထားရာ ထိုင်းလိုင်စင်မော်တော်ယာဉ်များ ဝယ်ယူ၊ ငှားရမ်းမောင်းနှင်နေသည့် မြန်မာယာဉ်မောင်းများ အလုပ်ရပ်နားနေကြရခြင်းဖြစ်သည်။
အဆိုပါ ယာဉ်မောင်းများ မြန်မာလိုင်စင်မော်တော်ယာဉ်များဖြင့် ကုန်စည်ပို့ဆောင်ခွင့်ရရန် မြန်မာဘက်က ဆွေးနွေးနိုင်ရေးအတွက် စာရင်းကောက်ယူနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~