Covid-19 ထိန်းချုပ် ကာကွယ်ရေးအတွက် ကျောက်မဲမြို့ အဝင် အထွက်များတွင် ကျန်းမာရေး ပြန်လည် စစ်ဆေးသွားမည်

Covid-19 ထိန်းချုပ် ကာကွယ်ရေးအတွက် ကျောက်မဲမြို့ အဝင် အထွက်များတွင် ကျန်းမာရေး ပြန်လည် စစ်ဆေးသွားမည်
စက်တင်ဘာ 3, 2020
By Tachileik News Agency
Covid-19 ထိန်းချုပ် ကာကွယ်ရေးအတွက် ကျောက်မဲမြို့ အဝင် အထွက်များတွင် ကျန်းမာရေး ပြန်လည် စစ်ဆေးသွားမည်
Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအဖြစ် ပြည်ပပြန်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် ကဲ့သို့ ကူးစက်မှု များပြားသောဒေသမှ ဝင်ရောက် လာသူများအား ကျန်းမာရေး စစ်ဆေးရန်အတွက်  ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ထားရှိတော့မည်ဟု သိရသည်။
"ပရဟိတကူညီရေးကားတွေလဲ ပန်းခြံထဲမှာ ရပ်နားလို့ရအောင်ရယ် အကယ်၍ Facility Quarantine ထားဖို့ရာတွေရှိလာရင်လဲ ပန်းခြံထဲက ပိုနေတဲ့ အဆောက်အဦမှာ ထားဖို့ဆိုပြီး မြို့အဝင် လမ်းဆုံအနီးမှာ Check Point ကို ထားဖို့ စီစဥ်နေပါတယ်၊ ဒီရက်ပိုင်းအတွင်းမှာ စတင်ထားရှိတော့မှာပါ"ဟု Covid-19 ကူးစက် ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး မြို့နယ်ကော်မတီမှ ကော်မတီဥက္ကဌ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။
အသစ်ပြန်လည်ထားရှိမည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေး ဂိတ်ကို ပြည်ထောင်စုလမ်းမကြီး နှင့် မြို့အဝင် ပင်လုံလမ်းဆုံသည့် နေရာတွင် ထားရှိသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့မှ လာရောက်သူ များအားလုံးမည်သူမဆို Home Quarantine ဝင်စေမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ကားတစ်စီးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ကားတစ်စီးတို့ ပါဝင်သည့် အဖွဲ့က မြို့ပေါ်ရပ်ကွက်ကြီး (၉)ခု၌ အမြဲလှည့်ကင်း ပတ်နေမည်ဖြစ်ကာ Home Quarantine ထားရှိသူများအား ယခင်ကာလထက် တင်းကြပ်စွာ စောင့်ကြည့်သည့် စနစ်ကို အသုံးပြုသွားမည်ဟု သိရသည်။
အသစ်ထပ်မံထားရှိမည့် Check Point တွင် ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စေတနာ့ဝန်ထမ်း၊ လူမှုကူညီရေအသင်းအဖွဲ့၊ ရဲတပ်ဖွဲ့ တို့မှ အင်အားအသီးသီး ပါဝင်မည်ဖြစ်ပြီး အင်အားတွက်ချက်၍ ရောဂါကူးစက်မှု မရှိစေရန် စနစ်တကျ၊ အလှည့်ကျ စနစ်ဖြင့် ထားရှိမည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~