ထိုင်းနိုင်ငံအတွင်း COVID 19 ထိန်းချုပ်ရေးအတွက် အရေးပေါ်ကာလ (၁)လထပ်တိုး

ထိုင်းနိုင်ငံအတွင်း COVID 19 ထိန်းချုပ်ရေးအတွက် အရေးပေါ်ကာလ (၁)လထပ်တိုး
သြဂုတ် 25, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း COVID 19 ထိန်းချုပ်ရေးအတွက် အရေးပေါ်ကာလ (၁)လထပ်တိုး
ထိုင်းနိုင်ငံတွင်  COVID 19 ထိန်းချုပ်ရေးအတွက် နိုင်ငံတွင်းအရေးပေါ် အခြေအနေ ကြေညာမှုအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ထပ်တိုးရန် အစိုးရအဖွဲ့က သြဂုတ်လ (၂၅)ရက်နေ့၌ အတည်ပြုလိုက်ပြီဖြစ်သည်။
နိုင်ငံအရေးပေါ်အခြေအနေ ကြေညာမှုကို ထပ်တိုးရန် အမျိုးသားလုံခြုံရေးကောင်စီက အဆိုပြုတင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် ပြည်ပမှ နေရပ်ပြန်များနှင့် အကန့်အသတ်ဖြင့် ဝင်ခွင့်ပြုထားသည့် နိုင်ငံခြားသားများအား အသွားအလာကန့်သတ်ထားရာနေရာများ၌ COVID 19 အတည်ပြုလူနာများ တွေ့နေရဆဲဖြစ်ပြီး သြဂုတ်လ (၂၅)ရက်နေ့အထိ အတည်ပြုလူနာ (၃၄၀၂)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာများမှ (၃၂၂၉)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ပြီး (၅၈) ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~