ကျောက်မဲမြို့တွင် အိမ်စောင့်မရှိဘဲ လျှပ်စစ်အိုးတည်ခဲ့ရာမှ မီးလောင်၍ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ကျောက်မဲမြို့တွင် အိမ်စောင့်မရှိဘဲ လျှပ်စစ်အိုးတည်ခဲ့ရာမှ မီးလောင်၍ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် အိမ်စောင့်မရှိဘဲ လျှပ်စစ်အိုးတည်ခဲ့ရာမှ မီးလောင်၍ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်တွင် ဖေဖေါ်ဝါရီလ(၂၅)ရက် နေ့လည်ပိုင်းက နေအိမ်၌ အစောင့်မရှိပဲ ခေါက်ဆွဲပြုတ်သည့် လျှပ်စစ်အိုးကို တည်ထားခဲ့ရာမှ မီးလောင်မှု ဖြစ်ပွား၍ အိမ်တစ်လုံး မီးလောင်သွားကြောင်း သိရသည်။

ဖေဖေါ်ဝါရီ (၂၅)ရက်၊ နေ့လည်(၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က နေအိမ်တစ်လုံး မီးလောင်နေကြောင်း ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့သို့ ပြည်သူတစ်ဦးမှ ဖုန်းဆက် အကြောင်းကြားသဖြင့် မီးသတ်ယာဥ် (၂)စီး၊ ရေသယ်ယာဥ် (၁)စီး၊ သန္ဓေနှင့် အရံ မီးသတ် တပ်ဖွဲဝင် (၂၆)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၁၁)နာရီ (၅၃)မိနစ်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်ဦးစီးဌာနက စစ်ဆေးရာ နေအိမ်၌လူမရှိပဲ ခေါက်ဆွဲပြုတ်သည့်အိုးဖြင့် ဟင်းချိုရည် တည်ထားရာမှ အပူလွန်ကဲပြီး နံဘေးရှိ ထရံမှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု သိသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး လုံးဝမီးလောင်သွားခဲ့ပြီး နေအိမ်ပိုင်ရှင် ဖြစ်သူ ဦးနောင်နောင် အား ရာဇသတ်ကြီး ပုဒ်မ - ၂၈၅ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~