ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်၍ ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်၍ ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

သီပေါမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူ (၃၀၀)ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း နမ့်လန်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စု လွယ်လုံကျေးရွာအနီးတွင်  RCSS နှင့် SSPP တို့အကြား ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ နံနက်က တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူ (၃၀၀)ကျော်သည် ကောင်းကော်ဘုန်းကြီးသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိမ်းရှောင်နေရသူများတွင် မွေးကင်းစကလေးငယ် အပါအဝင် သက်ကြီးရွယ်အိုများအထိ ပါဝင်ကြောင်း သိရသည်။



 

Photo: Local