ကျိုင်းတုံမြို့ရှိ မြို့သစ်ဈေး(အာခါဈေး)တွင် စက်တင်ဘာလ(၆)ရက်နေ့ကစ၍ အခြေခံစားသောက်ကုန်၊ ဆေးဝါး နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များ သတ်မှတ်ချက်များအတိုင်း ရောင်းချခွင့်ပြုမည်

ကျိုင်းတုံမြို့ရှိ မြို့သစ်ဈေး(အာခါဈေး)တွင် စက်တင်ဘာလ(၆)ရက်နေ့ကစ၍ အခြေခံစားသောက်ကုန်၊ ဆေးဝါး နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များ သတ်မှတ်ချက်များအတိုင်း ရောင်းချခွင့်ပြုမည်
စက်တင်ဘာ 4, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် မြို့သစ်ဈေး(အာခါဈေး)၌ အခြေခံစားသောက်ကုန်၊ ဆေးဝါး နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များရောင်းချခြင်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ကစ၍ ခွင့်ပြုပေးလိုက်ပြီး သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ရောင်းချရမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက စက်တင်ဘာလ(၄)ရက်နေ့တွင် အသိပေးထားသည်။

 မြို့သစ်ဈေး(အာခါဈေး)တွင် အခြေခံစားသောက်ကုန်၊ ဆေးဝါး နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များကလွဲ၍ အခြား ပစ္စည်းများရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း နှင့် နံနက်ပိုင်းကစ၍ ည(၆)နာရီအထိသာ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းချရာတွင် Covid-19 သတ်မှတ်စည်းကမ်းများအတိုင်း ရောင်းချရမည်ဖြစ်သလို စည်ပင်က သတ်မှတ်ပေးထားသည့် နေရာများ၌သာ ရောင်းချရမည်ဖြစ်ပြီး မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟုလည်း အသိပေးထားသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်း ကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ စက်တင်ဘာလ(၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၂၀၆၂)ဦး ရှိနေပြီး သေဆုံးသူမှာလည်း (၃၄)ဦးရှိနေကာ ဆေးရုံနှင့် Covid-19 သီးသန့်စောင့်ကြည့် စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာလည်း (၁၂၇၁)ဦးရှိနေ၍ လက်ရှိတွင် စောင့်ကြည့်ကုသဆဲမှာ (၇၅၇)ဦးအထိ ကျန်ရှိနေကြောင်း သိရှိရသည်။

#TachileikNewsAgency