Covid-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသွားများအား ပူးပေါင်းအဖွဲ့ဖြင့် ခရီးသွားရာဇဝင်များ ကောက်ယူကာ ဆက်လက် စောင့်ကြည့် စစ်ဆေးနေ

Covid-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသွားများအား ပူးပေါင်းအဖွဲ့ဖြင့် ခရီးသွားရာဇဝင်များ ကောက်ယူကာ ဆက်လက် စောင့်ကြည့် စစ်ဆေးနေ
စက်တင်ဘာ 22, 2020
By Tachileik News Agency

Covid-19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသွားများအား ပူးပေါင်းအဖွဲ့ဖြင့် ခရီးသွားရာဇဝင်များ ကောက်ယူကာ ဆက်လက် စောင့်ကြည့် စစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်မှုရှိမရှိ ခရီးသွားရာဇဝင်ကောက်ခံခြင်း နှင့်အတူ ကိုယ်ပူချိန်တိုင်းတာမှုများအား တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်တွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့က စတင်၍ သက်ဆိုင်ရာဌာနများအပါအဝင် လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များမှ ပူးပေါင်းကာ ခရီးသွားရာဇဝင် ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း နှင့် ခရီးသွားထောက်ခံစာ ပါ မပါတို့ကို ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်သို့ ဝင်ရောက်မည့် သူများကို မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် စစ်ဆေးနေရာ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ စာရင်းအရ လူဦးရေ စုစုပေါင်း (၆,၅၉၇)ဦး နှင့် ယာဉ်အစီးရေ စုစုပေါင်း (၂,၅၆၀)စီး ဖြတ်သန်းသွားလာမှု ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၆)ရက်နေ့မှစတင်တွေ့ရသည့် COVID 19 ပိုးသည် ယခင်ထက် ကူးစက်မှု ပိုမိုမြန်ဆန်လာသည့်အပြင် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကူးစက်ခံထားရသူ အများအပြားတွေ့လာရသည့်အတွက် တာချီလိတ်သို့လာမည့် မည်သူမဆို သက်ဆိုင်ရာ ရပ်ကွက်မှ ထုတ်ပေးသည့် ခရီးသွားထောက်ခံစာ လိုအပ်မည် ဖြစ်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့်  မြင်းခြံ၊ ဒိုက်ဦး၊ ကဝမြို့နယ်တို့မှ လာရောက်သူတိုင်း မိမိကုန်ကျစရိတ်ဖြင့် Quarantine သတ်မှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လေကြောင်းခရီးစဉ်များ ယာယီရပ်နားထားသည့်အတွက် ကုန်းလမ်းခရီးများဖြင့် သွားလာမှုများရျှိနေရာ မြို့တိုင်းတွင် မြို ့ အဝင် အထွက်များ၌ ယင်းသို့ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုဦး
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~