က်ဳိင္းတံုေဆြးေႏြးပြဲအတြင္း အစိုးရက အဆိုျပဳသည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္မႈမ်ားရပ္စဲေရးကို မဟာမိတ္အဖြဲ႔မ်ား ျပန္လည္အေၾကာင္းျပန္မည္

က်ဳိင္းတံုေဆြးေႏြးပြဲအတြင္း အစိုးရက အဆိုျပဳသည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္မႈမ်ားရပ္စဲေရးကို မဟာမိတ္အဖြဲ႔မ်ား ျပန္လည္အေၾကာင္းျပန္မည္
သြဂုတ် 31, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ေပၚတြင္ ပစ္ခတ္တုိက္ခုိက္ေနမႈမ်ား ရပ္ဆုိင္းရန္ က်ိဳင္းတံု ေဆြးေႏြးပြဲသို႔ တက္ေရာက္သည့္ မဟာမိတ္ (၄)ဖြဲ႔အား အစိုးရက အဆိုျပဳေဆြးေႏြးရာ  မဟာမိတ္အဖြဲ႕မ်ားက အဆိုပါ ကိစၥအား ျပန္ေရာက္သည့္အခါ ေဆြးေႏြးၿပီး အေၾကာင္းျပန္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။

“အစိုးရဖက္က ေတာင္းဆိုတယ္။ တပ္မေတာ္ဖက္က လုပ္ေနတာက ျပည္ေထာင္စုလမ္းမႀကီး ဒီကုန္သြယ္ေရး လမ္းမႀကီး အျမန္ဆံုးပြင့္ဖုိ႔ ဆက္စပ္လမ္းေတြပြင့္ဖို႔ လုပ္ေဆာင္ေနတာျဖစ္တယ္။ ေျပာရရင္ေတာ့ သြားတုိက္ေနတာ မဟုတ္ဘူး။ ဒီလမ္းမေပၚ လမ္းေၾကာင္းတစ္ေလွ်ာက္ကို ရွင္းေနတာျဖစ္တယ္။ ဒီလမ္းေၾကာင္း တစ္ေလွ်ာက္ ရိွေနတဲ့အတြက္ အလြတ္သေဘာေဆြးေႏြးပြဲေတြမွာလည္း အလြတ္သေဘာ အျပင္မွာလည္း ကၽြန္ေတာ္တုိ႔ေျပာတယ္။ ဒီလမ္းေၾကာင္းရွင္းဖို႔အတြက္ကို လုပ္တာ။ ဒါကိုေတာ့ ကၽြန္ေတာ္တုိ႔က ေတာင္းဆိုပါတယ္။ အဲဒီအျပင္ကို လတ္တေလာမွာ ဒီလမ္းမႀကီးကို လံုၿခံဳစြာနဲ႔ သြားလာႏုိင္ဖို႔၊ ကူးသန္းေရာင္းဝယ္ေရးေတြ စီးဆင္းနုိင္ဖို႔ အဲဒါအျပင္ ဆက္စပ္နယ္ေျမေတြမွာ တုိက္ပြဲေတြ မျဖစ္ဖုိ႔ဆိုၿပီး ကၽြန္ေတာ္တုိ႔က သူတုိ႔ကို အဆိုျပဳခ်က္ ႏွစ္ခုရိွတယ္။ အဲဒါကိုလည္း သူတုိ႔ထဲမွာ မဆံုးျဖတ္ႏုိင္တဲ့အတြက္ သူတုိ႔ျပန္သြားတဲ့အခါမွာ ေခါင္းေဆာင္ေတြအၾကားမွာ ျပန္ေဆြးေႏြးဖို႔ရိွပါတယ္။ ေဆြးေႏြးၿပီးရင္ေတာ့ တစ္စံုတစ္ရာအေၾကာင္းျပန္မယ္လို႔ သိရတယ္။ ကၽြန္ေတာ္တို႔ကေတာ့ ဒါကို အျမန္ဆံုးလုပ္ဖို႔ ေတာင္းဆိုထားတယ္”ဟု ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲတြင္ တာခ်ီလိတ္သတင္းေအဂ်င္စီ၏ ေမးခြန္းကို ျပန္လည္ေျဖၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅) ရက္ေန႔မွစ၍ TNLA၊ AA ႏွင့္ MNDAA ပူးေပါင္းအဖြဲ႔တုိ႔က တိုက္ခိုက္မႈမ်ားအတြင္း တံတားမ်ား မုိင္းခြဲဖ်က္ဆီးျခင္းမ်ားေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ယာယီျပတ္ေတာက္မႈမ်ားျဖစ္ခဲ့ရသည့္အျပင္ လမ္းပိုင္းတြင္ သြားလာေနသည့္ အရပ္သားကားမ်ားအား မီးရိႈ႕ဖ်က္ဆီးျခင္းမ်ားေၾကာင့္ ၾသဂုတ္လ (၃၁)ရက္ေန႔အထိ ကုန္သြယ္ေရးရပ္တန္႔ေနျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံ၏ အႀကီးဆံုးနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ တရုတ္နယ္စပ္ ကုန္သြယ္ေရး လမ္းေၾကာင္း ျပတ္ေတာက္သြားသည့္အျပင္ ေဒသခံျပည္သူမ်ား ေဘးကင္းလံုၿခံဳစြာ သြားလာႏုိင္ျခင္းမရိွေတာ့သျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္အဖြဲ႕ (၄)ဖြဲ႔ျဖစ္သည့္ AA၊ TNLA ႏွင့္ MNDAA တို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ပေါ်တွင် ပစ်ခတ်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ကျိုင်းတုံ ဆွေးနွေးပွဲသို့ တက်ရောက်သည့် မဟာမိတ် (၄)ဖွဲ့အား အစိုးရက အဆိုပြုဆွေးနွေးရာ မဟာမိတ်အဖွဲ့များက အဆိုပါ ကိစ္စအား ပြန်ရောက်သည့်အခါ ဆွေးနွေးပြီး အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရဖက်က တောင်းဆိုတယ်။ တပ်မတော်ဖက်က လုပ်နေတာက ပြည်ထောင်စုလမ်းမကြီး ဒီကုန်သွယ်ရေး လမ်းမကြီး အမြန်ဆုံးပွင့်ဖို့ ဆက်စပ်လမ်းတွေပွင့်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ ပြောရရင်တော့ သွားတိုက်နေတာ မဟုတ်ဘူး။ ဒီလမ်းမပေါ် လမ်းကြောင်းတစ်လျှောက်ကို ရှင်းနေတာဖြစ်တယ်။ ဒီလမ်းကြောင်း တစ်လျှောက် ရှိနေတဲ့အတွက် အလွတ်သဘောဆွေးနွေးပွဲတွေမှာလည်း အလွတ်သဘော အပြင်မှာလည်း ကျွန်တော်တို့ပြောတယ်။ ဒီလမ်းကြောင်းရှင်းဖို့အတွက်ကို လုပ်တာ။ ဒါကိုတော့ ကျွန်တော်တို့က တောင်းဆိုပါတယ်။ အဲဒီအပြင်ကို လတ်တလောမှာ ဒီလမ်းမကြီးကို လုံခြုံစွာနဲ့ သွားလာနိုင်ဖို့၊ ကူးသန်းရောင်းဝယ်ရေးတွေ စီးဆင်းနိုင်ဖို့ အဲဒါအပြင် ဆက်စပ်နယ်မြေတွေမှာ တိုက်ပွဲတွေ မဖြစ်ဖို့ဆိုပြီး ကျွန်တော်တို့က သူတို့ကို အဆိုပြုချက် နှစ်ခုရှိတယ်။ အဲဒါကိုလည်း သူတို့ထဲမှာ မဆုံးဖြတ်နိုင်တဲ့အတွက် သူတို့ပြန်သွားတဲ့အခါမှာ ခေါင်းဆောင်တွေအကြားမှာ ပြန်ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပြီးရင်တော့ တစ်စုံတစ်ရာအကြောင်းပြန်မယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒါကို အမြန်ဆုံးလုပ်ဖို့ တောင်းဆိုထားတယ်”ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ်သတင်းအေဂျင်စီ၏ မေးခွန်းကို ပြန်လည်ဖြကြေားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှစ၍ TNLA၊ AA နှင့် MNDAA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်မှုများအတွင်း တံတားများ မိုင်းခွဲဖျက်ဆီးခြင်းများကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများဖြစ်ခဲ့ရသည့်အပြင် လမ်းပိုင်းတွင် သွားလာနေသည့် အရပ်သားကားများအား မီးရှို့ဖျက်ဆီးခြင်းများကြောင့် သြဂုတ်လ (၃၁)ရက်နေ့အထိ ကုန်သွယ်ရေးရပ်တန့်နခြေင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သွားသည့်အပြင် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ခြင်းမရှိတော့သဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မဟာမိတ်အဖွဲ့ (၄)ဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net