တာချီလိတ်သို့ လေကြောင်းမှ ဝင်လာသူအားလုံး Home Quarantine (၂၈)ရက် နေထိုင်ရမည်

တာချီလိတ်သို့ လေကြောင်းမှ ဝင်လာသူအားလုံး Home Quarantine (၂၈)ရက် နေထိုင်ရမည်
ဧပြီ 25, 2020
By Tachileik News Agency

တာချီလိတ်သို့ လေကြောင်းမှ ဝင်လာသူအားလုံး Home Quarantine (၂၈)ရက် နေထိုင်ရမည်


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့မှစ၍ လေကြောင်းခရီးဖြင့် ဝင်လာသူအားလုံးကို Home Quarantine (၂၈) ရက်ထားရှိနေကြောင်း သိရသည်။
“လေဆိပ်ရောက်ပြီဆိုကတည်းက သူတို့ဆီက နာမည်တို့၊ ဖုန်းနံပါတ်တို့ ယူထားတယ်။ လေဆိပ်မှ ာကတည်းက သူတို့ကို (၂၈)ရက် အိမ်မှာပဲနေရမယ်။ ဘယ်မှ မထွက်ရဘူးဆိုတာ မှာလိုက်တယ်။ သူတို့ကို Home Quarantine ကြပ်ကြပ်မတ်မတ် နေကြဖို့ကိုတော့ ကျန်းမာရေးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက စာရင်းမှတ်ထားပြီး ကြီးကြပ်တာပေါ့”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၅)ရက်နေ့တွင် ပြောသည်။

တာချီလိတ်သို့ မန္တလေးလေဆိပ်၊ ရန်ကုန်လေဆိပ်၊ ဟဲဟိုးလေဆိပ်၊ လားရှိုးလေဆိပ် နှင့် မြစ်ကြီးနားလေဆိပ်များမှ တဆင့် လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာမှုများရှိရာတွင် ယခု သတ်မှတ်ချက်သည် အဆိုပါ လေဆိပ်များမှ တဆင့် ရောက်လာသူ အားလုံးကို Home Quarantine (၂၈)ရက် နေထိုင်ရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းသို့ ရန်ကုန်မှ လေကြောင်းလမ်း၊ ကုန်းလမ်းဖြင့် ဝင်လာသူတိုင်းအား Home Quarantine ထားရှိရန် ပြည်နယ်အစိုးရက ပြည်နယ်တွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများထံ အသိပေးထားခြင်းဖြစ်ပြီး လားရှိုးမြို့တွင် လေကြောင်းမှ လာသူများကို Facilities Quarantine ထားရှိနေကာ တာချီလိတ်တွင် လေကြောင်းဖြင့်လာသူအားလုံးကို Home Quarantine ထားရှိသည့်စနစ်ကို ကျင့်သုံးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~