တာချီလိတ်တွင် ဗုံးသီးဟောင်းကို ထုရိုက်ရာက ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

တာချီလိတ်တွင် ဗုံးသီးဟောင်းကို ထုရိုက်ရာက ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
တာချီလိတ်တွင် ဗုံးသီးဟောင်းကို ထုရိုက်ရာက အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းထဲက ကီလိုဆိုင်လို့ ခေါ်တဲ့ အဟောင်းပစ္စည်း အရောင်းအဝယ်ဆိုင်မှာ အမျိုးသမီးတစ်ဦးက  လောင်ချာပစ်ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားလို့ ဒဏ်ရာရရှိသွားတဲ့အတွက် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က ကီလိုဆိုင်က မထွေးညိုဆိုသူဟာ သံတိုသံစအဟောင်းများကို ရောင်းချရန် ထုရိုက်နေပြီး လောင်ချာပစ်ဗုံးသီးဟောင်းတစ်လုံးကို ဆက်လလက်ထုရိုက်တဲ့အခါမှာ ပေါက်ကွဲမှု ဖြစ်ပွားလို့   မထွေးညိုဟာ မျက်နှာ၊ ဆီးခုံ၊ ပေါင်နှင့် ခြေထောက်တို့မှာ  ဒဏ်ရာများရသွားတဲ့အပြင်  အဆောက်အဦး အတွင်း သံတိုသံစပစ္စည်းများနှင့် အမိုးများမှာလည်း အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေး နဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ အပါအဝင် မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~