ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့သို့ နွေရာသီ ကျောင်းပိတ်ကာလအတွင်း ရောက်ရှိနေသည့် မြန်မာ ကျောင်းသား ကျောင်းသူများ ကျောင်းပြန်တက်ရန် အတွက် တာချီလိတ်သို့ ပြန်လာလို့ပါ ဆက်သွယ်စာရင်းပေးနိုင်

ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့သို့ နွေရာသီ ကျောင်းပိတ်ကာလအတွင်း ရောက်ရှိနေသည့် မြန်မာ ကျောင်းသား ကျောင်းသူများ ကျောင်းပြန်တက်ရန် အတွက် တာချီလိတ်သို့ ပြန်လာလို့ပါ ဆက်သွယ်စာရင်းပေးနိုင်
ဇူလိုင် 25, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့သို့ နွေရာသီ ကျောင်းပိတ်ကာလအတွင်း ရောက်ရှိနေသည့် မြန်မာ ကျောင်းသား ကျောင်းသူများ ကျောင်းပြန်တက်ရန် အတွက် တာချီလိတ်သို့ ပြန်လာလို့ပါ ဆက်သွယ်စာရင်းပေးနိုင်

နွေရာသီ ကျောင်းပိတ်ကာလအတွင်း တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် မယ်ဆိုင်သို့ ရောက်ရှိနေသည့် မြန်မာကျောင်းသား ကျောင်းသူများ မြန်မာနိုင်ငံဘက်သို့ ပြန်လာ၍ ကျောင်းတက်လိုသူများအနေဖြင့် နှစ်ဖက်ညှိနှိုင်းကာ တာချီလိတ်သို့ ပြန်ခွင့်ရရန် စီစဉ်ပေးနေသည်ဖြစ်သည့်အတွက် ဆက်သွယ်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်သို့ ဖြစ်စေ၊ အခြားမြို့များသို့ သွားရောက်၍ ဖြစ်စေ ကျောင်းလာတက်မည့် ကျောင်းသားများအနေဖြင့်လည်း တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာ၏ Quarantine Center တွင် သတ်မှတ်ရက်အတိုင်း နေထိုင်စေပြီး covid-19 စစ်ဆေးခံရမည်ဖြစ်သည်။

တစ်ချို့ကတော့ မိဘက ထိုင်းမှာ အလုပ်လုပ်နေတယ်။ ကလေးတွေက တံတားမပိတ်ခင်ကတည်းက ကျောင်းပိတ်တော့ ဒီဖက်ရောက်နေတယ်။ အခုကျတော့ ပြန်လို့မရဘူး။ မြန်မာပြည်မှာလည်း ကျောင်းတွေက ဖွင့်ပြီဆိုတော့ သူတို့ကလေးတွေကို ပြန်လွှတ်ချင်တယ်။ မိဘကလည်း လိုက်သွားလို့မရဘူး။ ဒီမှာကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ကလေးတွေကို ပြန်မဲ့နေ့ကျရင် စာရင်းပါပြီးသားဆိုရင် ကျွန်တော့်ဆီကို ပို့မယ် ကျွန်တော်ကနေ ပြည်တော်ပြန်နဲ့အတူ ပို့မယ်။ ပို့ရင် တာချီလိတ်ဖက်မှာ ကလေးတွေရဲ့ မိဘ သို့မဟုတ် ဆွေမျိုးတွေ အုပ်ထိန်းသူတွေကနေ လာစောင့်ပြီးတော့မှ အဲ့ဒီကလေးတွေနဲ့အတူတူ အုပ်ထိန်းသူ တစ်ယောက်ယောက်ကနေပြီးတော့ ကလေးနဲ့အတူ Quarantine ဝင်ပြီး ရက်ပြည့်တာနဲ့ ပေးသွားမှာပါ

ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်ကာ ကူညီပေးနေသည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့သို့ နွေရာသီကျောင်းပိတ်ကာလအတွင်းက ရောက်ရှိနေသည့် မြန်မာကျောင်းသား ကျောင်းသူများအနေဖြင့် တာချီလိတ်သို့ ပြန်လာလိုပါက ဦးထွန်း(မယ်ဆိုင်)၏ ထိုင်းဖုန်း 089-637-6367သို့ ဆက်သွယ် မေးမြန်းကာ စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုအခါမှာ အခြေခံပညာအထက်တန်းအဆင့်များကို Covid-19 ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်နေပြီး အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့်များကို ဖွင့်လှစ်ရန်အတွက် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~