တာချီလိတ်နှင့် တာလေမြို့တို့မှ တပ်ရင်း တပ်ဖွဲ့ (၉)ဖွဲ့၏ ကြိုတင်မဲများ တစ်လအကြာတွင် လာရောက်အပ်နှံ

တာချီလိတ်နှင့် တာလေမြို့တို့မှ တပ်ရင်း တပ်ဖွဲ့ (၉)ဖွဲ့၏ ကြိုတင်မဲများ တစ်လအကြာတွင် လာရောက်အပ်နှံ
နိုဝင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်နှင့် တာလေမြို့တို့မှ တပ်ရင်း တပ်ဖွဲ့ (၉)ဖွဲ့၏ ကြိုတင်မဲများ တစ်လအကြာတွင် လာရောက်အပ်နှံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့နှင့် တာလေမြို့တို့တွင် အခြေပြုသည့် ခမရ(၃၃၁)၊ ခမရ(၃၅၉)၊ ခမရ(၅၂၆)၊ ခမရ(၅၇၁)၊ ခမရ(၅၇၂)၊ ခမရ(၃၁၆)၊ အမတ(၃၈၈)၊ စစ်ဗျူဟာအခြေချနှင့် (၁၀၀၉) နယ်ခြားစောင့်တပ်များ စသည့် တပ်ရင်း တပ်ဖွဲ့ (၉)ဖွဲ့က ကြိုတင်မဲများကို တစ်လအကြာဖြစ်သည့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် လာရောက် အပ်နှံခဲ့ကြသည်။
"တာချီလိတ်တပ်နယ်ရယ်၊ တာလေတပ်နယ်ရယ် နှစ်ခုကနေပြီးတော့ ဒီနေ့ မဲလက်မှတ်တွေ ပြန်လည်အပ်နှံတာဖြစ်ပါတယ်၊ တာလေတပ်နယ်ဆိုရင် အမှတ်(၅၇၁)ရှိမယ်၊ (၅၇၂)ရှိမယ်၊  အမှတ်(၃၁၆)ခြေမြန်တပ်ရင်းရှိမယ်။ (၃၈၈)အမြောက်တပ်ရင်းရှိမယ်၊ တာချီလိတ်ကြတော့ စစ်ဗျူဟာအခြေအချအပါ (၃၃၁)ရှိမယ်၊ (၃၅၉)ရှိမယ်၊ (၅၂၆)ရှိမယ်၊ (၁၀၀၉)နယ်ခြားစောင့်တပ်ရှိမယ်၊ အဲ့ဒီကနေ တပ်မတော်သားနဲ့ အတူနေမိသားစု အင်အား  မဲပေးတဲ့ စုစုပေါင်း အရေအတွက် (၉၅၈)ဦး ဖြစ်ပါတယ်၊ ဒီနေ့ ပြန်လည်အပ်နှံတာဖြစ်ပါတယ်၊"ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဖြစ်သူ ဦးအောင်မင်းက ပြောသည်။
အဆိုပါ ကြိုတင်မဲများကို တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက် အပ်နှံရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ (၉) ဖွဲ့မှ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မဲလက်မှတ် ပေါင်း (၉၅၈)မဲကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပေးထားခြင်း ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~