စက်တင်ဘာလ(၁၃)ရက်နေ့၏ နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၂၁၉)ဦး ထပ်တိုး

စက်တင်ဘာလ(၁၃)ရက်နေ့၏ နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၂၁၉)ဦး ထပ်တိုး
စက်တင်ဘာ 14, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၃)ရက်နေ့၏ နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၂၁၉)ဦး ထပ်တိုး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၁၃)ရက်နေ့၏ ဒုတိယအသုတ်အဖြစ် (၂,၂၄၄)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၈၃)ဦး တိုးလာ၍ စက်တင်ဘာလ(၁၃)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာ စုစုပေါင်း (၂၁၉)ဦး တိုးလာကြောင်း သိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့၏ ပထမအသုတ်တွင် အတည်ပြုလူနာ(၁၃၆)ဦးတိုးလာပြီး ဒုတိယအသုတ်တွင် (၈၃)ဦးတိုးလာသည့်အပြင် စက်တင်ဘာလ(၁၃)ရက်နေ့တွင် သေဆုံးသူ (၆)ဦးတိုးလာ၍ စုစုပေါင်း သေဆုံးသူ (၂၄)ဦးအထိတိုးလာနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၈)နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၃၀၁၅ )ဦးရှိပြီး သက်သာပျောက်ကင်းသူမှာ (၆၉၉)ဦးရှိသော်လည်း သေဆုံးသူမှာ ရက်ပိုင်းအတွင်းတိုးလာ၍ (၂၄)ဦးအထိ ရှိကြောင်း သိရသည်။

Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~