တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် ထပ်တိုး

တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် ထပ်တိုး
ဧပြီ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် ထပ်တိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း  ညမထွက်ရအမိန့် သက်တမ်းကို တစ်လကြာသတ်မှတ်ထားရာမှ နောက်တစ်လထပ်တိုးပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့အထိ သတ်မှတ်လိုက်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် COVID 19 ကာကွယ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရန် နေ့စဉ် ည(၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက်သွားလာခြင်းကို ကန့်သတ်ထားခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း ကန့်သတ်ထားသည့်အချိန်၌ COVID 19 ကာကွယ်ရေးလုပ်ငန်းအတွက် တာဝန်ပေးအပ်ထားသူများ၊ လူနာများ၊ ကုန်စည်ကူးသန်းမှုမပျက်စေရန်အတွက် ကုန်တင်ယာဉ်များအပ မည်သူမှ သွားလာခွင့်ရှိမည် မဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း တာဝန်အရ  ထွက်ရပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကို ချိုးဖေါက်သူများအနေဖြင့် ထောင်ဒဏ် (၁)လမှ (၆)လအထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ (၁၈၈)ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဟု တာချီလိတ်မြို့နယ်အုပ်ခှုပ်ရေးမှူးက သတိပေးထားပြီး ညစဉ်စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ကို ချိုးဖေါက်သူ (၄)ဦးအား ဧပြီလ (၂၂)ရက်နေ့ညပိုင်းက တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ပုဒ်မ (၁၈၈)ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~