ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသည့် အမျိုးသားတစ်ဦး သေဆုံး

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသည့် အမျိုးသားတစ်ဦး သေဆုံး
ဇူလိုင် 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသည့် အသက်(၅၇)နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဇူလိုင်လ(၂၄)ရက်နေ့က နေမကောင်းဖြစ်၍ ကျိုင်းတုံဆေးရုံသို့ သွားရောက် ပြသစစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိကြောင်း သိရပြီး ကျိုင်းတုံဆေးရုံရှိ Covid-19 ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရင်း သေဆုံးသူဖြစ်ကြောင်း နှင့် ၎င်းသည် ကျိုင်းတုံမြို့ ရပ်ကွက်(၃)၊ စွန်မိုင်ရပ်တွင် နေထိုင်ပြီး ယာဉ်မောင်းအလုပ် လုပ်ကိုင်သူဖြစ်သည်ဟု သိရသော်လည်း ရောဂါအခံ ရှိမရှိ ကိုတော့ မသိရပါ။

ကျိုင်းတုံမြို့တွင် ယနေ့ နံနက်ပိုင်းတွင် စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုးရာတွင် ရှီးလုံမြို့သစ်မှ အမျိုးသား နှင့် အမျိုးသမီး (၂)ဦး၊ မိုင်းဇင်းအုပ်စုမှ အမျိုးသမီး(၁)ဦး နှင့် အသွားအလာကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတို့တွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇွန်လ(၂၉)ရက်နေ့မှ ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း ( ၁၃၆ )ဦးအထိရှိနေပြီး ဆေးရုံဆင်းခွင့်ရသူမှာ (၅၀)ဦးရှိနေကု ကုသဆောင်များတွင် (၅၈)ဦး ဆက်လက်ရှိနေကြောင်း သိရသည်။