ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာက COVID 19 ကူးစက်ခံရနိုင်သလား

ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာက COVID 19 ကူးစက်ခံရနိုင်သလား
ဇူလိုင် 31, 2020
By Tachileik News Agency
ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာက COVID 19 ကူးစက်ခံရနိုင်သလား

COVID 19 အတွက် ကာကွယ်ဆေးနှင့် ကုသဆေးရှာဖွေနေရဆဲကာလတွင် နေ့စဉ်လှုပ်ရှားနေထိုင်မှုများကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိစေဘဲ ပုံမှန်ဆောင်ရွက်နေထိုင်မှုပုံစံသစ် (New Normanl) ဖြင့် နေထိုင်သွားလာကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။

နေ့စဉ်လှုပ်ရှားမှုများမှ ကိုယ်ခန္ဓာကြံ့ခိုင်ရေး ကိုယ်လက်လှုပ်ရှားမှုများကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိစေဘဲ လုပ်ဆောင်နိုင်ရန် သတိထားရမည့်အချက်များကတော့

🔘 ကိုယ်လက်လှုပ်ရှားပြုလုပ်ရာနေရာသည် အလုံပိတ်မဖြစ်စေဘဲ လေဝင်လေထွက်ကောင်းရပါမယ်။
🔘 လူစုလူဝေးမဖြစ်စေဘဲ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ရပါမယ်။
🔘 လက်ကို ဆပ်ပြာဖြင့်သေချာစွာဆေးကြောခြင်း (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောရပါမယ်။
🔘 လူအများအသုံးပြုရာ အားကစားပစ္စည်းများကိုလည်း ပိုးသတ်သန့်စင်ရပါမယ်
COVID 19 ကို အတူပူးပေါင်း ကာကွယ်ကြရအောင်ပါ။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~