ရခိုင်- မကွေး ကုန်တင်ယာဉ်များတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းနှင်မည့် ဂိတ်နေရာကို မကွေးတိုင်း နယ်စပ်သို့ရွှေ့ရန် အကြံပြုထား

ရခိုင်- မကွေး ကုန်တင်ယာဉ်များတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းနှင်မည့် ဂိတ်နေရာကို မကွေးတိုင်း နယ်စပ်သို့ရွှေ့ရန် အကြံပြုထား
သြဂုတ် 30, 2020
By 🌸
ရခိုင်- မကွေး ကုန်တင်ယာဉ်များတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းနှင်မည့် ဂိတ်နေရာကို မကွေးတိုင်း နယ်စပ်သို့ရွှေ့ရန် အကြံပြုထား
ရခိုင် - မကွေး ကုန်စည်ပို့ဆောင်ရေးအတွက် ရခိုင်နှင့် မကွေးနယ်စပ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပြောင်းလဲ၍ သယ်ဆောင်ရန် သတ်မှတ်ဂိတ်နေရာကို လက်ရှိနေရာမှ ရွှေ့ပြောင်းရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက အကြံပြုထားသည်။

“ပျဉ်းဝဂိတ်စခန်းက မကွေးတိုင်းအတွင်းဘက်ကျနေလို့ ရခိုင်ဘက်ကဆင်းလာတဲ့ ကုန်တင်ယာဉ်တွေ ပျဉ်းဝ အလွန် လမ်းကြောင်းတစ်လျှောက်မှာ ရှိနေကြတဲ့ စားသောက်ဆိုင်များမှာ ရပ်နားမှာစိုးရိမ်ရတယ်။ အဲဒီစားသောက်ဆိုင်တွေမှာဝင်ပြီး စားကြသောက်ကြမှာပဲ။ ဒါ့ကြောင့် နယ်စပ်မှာရှိတဲ့ ပဲပဒုံဂိတ်မှာ အချိန်းအပြောင်း လုပ်စေချင်တယ်”

ဟု ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး က ပြောသည်။
ရခိုင်ပြည်နယ်တွင်း COVID 19 ပြည်တွင်းကူးစက်မှုတွေ့နေရသည့်အတွက် နယ်စပ်ဖြစ်သည့် မကွေးတိုင်းအတွင်း ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းအား ကန့်သတ်ထားသော်လည်း ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက်  ကုန်တင်ယာဉ်များကို နယ်စပ်တွင် မော်တော်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းနှင်စေသည့်စနစ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးနယ်စပ်ရှိ ယာဉ်မောင်းများ ပြောင်းလဲမောင်းနှင်စေသည့် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးစခန်းသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြခြင်းဖြစ်သည်။

“အဲလိုအချိန်းအပြောင်းလုပ်တဲ့အခါ ကုန်တင်ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းပြီးမှ လူချင်း အချိန်းအပြောင်းပြုလုပ်စေတာဖြစ်ပါတယ်။ ဂိတ်အလွန် ရခိုင်သွားရာလမ်းကြောင်းမှာရှိနေတဲ့ တိုင်းအတွင်းရှိ ကျေးရွာတွေက လာတဲ့ ဆိုင်ကယ်တွေကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ဆို ကျန်းမာ ရေးစစ်ဆေးမှုပြုလုပ်တာတွေ၊ မှတ်တမ်းယူတာတွေပြုလုပ်ပြီးမှ ဝင်၊ ထွက်ခွင့်ပေးပါတယ်”

ဟု ဂိတ်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်အတွင်း COVID 19 ပြည်တွင်းကူးစက်မှု တွေ့လာသည့် သြဂုတ်လ(၂၁)ရက်နေ့မှစ၍ အမ်း-စစ်တွေ-မကွေး-ရန်ကုန် လေကြောင်းလိုင်း ယာယီရပ်နားခြင်း၊ သြ ဂုတ်လ(၂၀)ရက်နေ့မှစ၍  မကွေး - ရခိုင် ခရီးသည် တင်ယာဉ်များ ဝင်/ထွက်ခွင့် ယာယီ ကန့်သတ်ခြင်းနှင့် သြဂုတ်လ (၂၆)ရက်နေ့မှစ၍ ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာခြင်းကိုပါ ယာယီကန့်သတ်ထားခြင်းဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင်း ကုန်စည်အခက်အခဲမဖြစ်စေရေးအတွက် ယာဉ်မောင်းပြောင်းလဲမောင်းနှင်သည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~