ကျောက်မဲမြို့နယ်အတွင်း  Covid-19 ကူးစက်ခံထားရသူ (၃)ဦး တစ်နေ့တည်း သေဆုံး

ကျောက်မဲမြို့နယ်အတွင်း  Covid-19 ကူးစက်ခံထားရသူ (၃)ဦး တစ်နေ့တည်း သေဆုံး
ဇူလိုင် 29, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၃)ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ ကုသဆောင်တွင် ထားရှိသူ အမျိုးသား (၂)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ ဖြစ်ကြောင်း နှင့် ၎င်းတို့သည် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၁)၊ ရပ်ကွက်(၂) နှင့် ရပ်ကွက်(၈)တို့မှ ဖြစ်ပြီး ၎င်းတို့အား လူမှုကူညီရေးအသင်းက PPE များ ဝတ်ဆင်ကာ သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းမှ Covid-19 ပိုးကူးစက်ခံထားရသူများကို ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံ နှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ထားရှိ ကုသပေးနေပြီး ကျောက်မဲမြို့နယ်၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့အထိ ရက်ပေါင်း (၄၀)အတွင်း၌ Covid-19 ကူးစက်ခံထားရသူ (၄၂၀)ကျော်ရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူမှာလည်း (၁၇၀)ကျော်အထိ ရှိနေသော်လည်း သေဆုံးသူ စုစုပေါင်းမှာ (၂၁)ဦးအထိ  သိရသည်။