ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြုများ စစ်တွေသို့ ရောက်ရှိ

ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြုများ စစ်တွေသို့ ရောက်ရှိ
သြဂုတ် 23, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်တွင်  မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြုများ စစ်တွေသို့ ရောက်ရှိ

ရခိုင်ပြည်နယ်တွင်  မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြုများ စစ်တွေမြို့သို့ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် Covid-19 ပြည်တွင်း ကူးစက်မှု စုစုပေါင်း (၅၃)ဦးအထိ ရှိနေသည့်အတွက် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊  ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊  လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊   လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊   လက်ထောက်ဆရာဝန် (၁၃) ဦး၊   သူနာပြုဆရာအုပ်ကြီး (၁) ဦး၊  အထက်တန်းသူနာပြု (၁) ဦးနှင့်  သူနာပြု (၁) ဦး တို့သည်  ရန်ကုန်မြို့မှတဆင့် အထူးလေယာဉ်ဖြင့် ရောက်ရှိသွားခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ  COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပို့ဆောင်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအထိ စစ်တွေမြို့တွင် (၄၈)ဦး၊ မြောက်ဦးမြို့တွင် (၃)ဦး နှင့် သံတွဲမြို့တွင် (၂)ဦး ပြည်တွင်းကူးစက်မှု Covid-19 လူနာ စုစုပေါင်း (၅၃)ဦးရှိနေပြီ ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ခံရသူမှာ (၄၄၄)ဦးရှိနေပြီး ပြန်လည်သက်သာလာသူမှာ (၃၃၈)ဦးရှိသော်လည်း (၄၄၄)ဦးတွင် (၆)ဦးမှာ သေဆုံးသူများ ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - MoHS
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~