တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် တာလေတို့မှ အနီးကပ်ထိတွေ့သူ နှင့် စောင့်ကြည်လူနာများတွင် COVID-19 ပိုးမတွေ့

တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် တာလေတို့မှ အနီးကပ်ထိတွေ့သူ နှင့် စောင့်ကြည်လူနာများတွင် COVID-19 ပိုးမတွေ့
မေ 2, 2020
By Tachileik News Agency
တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် တာလေတို့မှ  အနီးကပ်ထိတွေ့သူ နှင့် စောင့်ကြည်လူနာများတွင် COVID-19 ပိုးမတွေ့ 

မေလ(၁)ရက်နေ့က ရန်ကုန်သို့ ပေးပို့ထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ် နှင့် တာလေတို့မှ ဓါတ်ခွဲနမူနာ (၂၀)ခုမှာ မေလ(၂)ရက်နေ့၏ ညနေပိုင်းအထိ စစ်ဆေးချက်အရ (၁၉)ဦးတွင် ပိုးမတွေ့တော့ဘဲ အတည်ပြုလူနာ Case 112  တွင်သာ ပိုးတွေ့ရသေးကြောင်း သိရသည်။

အနီးကပ်ထိတွေ့သူများဖြစ်သည့် တာချီလိတ်မြို့မှ (၉)ဦးနှင့် တာလေမြို့မှ (၂)ဦး အပြင် စောင့်ကြည့်လူနာများဖြစ်သည့် ကျိုင်းတုံတို့မှ (၆)ဦးတွင် COVID-19 ပိုး မတွေ့ရှိရခြင်း ဖြစ်သည်။

ကျွန်တော်တို့ ပို့ထားတဲ့ ဓါတ်ခွဲနမူနာ အယောက်(၂၀)ထဲမှာ Case 112 တစ်ယောက်ပဲ ဒုတိယအကြိမ် Positive ပေါ့နော့်၊ ကျန်တာတွေ အကုန်လုံးက Negative ဖြစ်သွားပြီ။ Case 64 က တတိယအကြိမ် Negative၊ Case 96 က ဒုတိယအကြိမ် Negative ပါ

ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊  မေလ(၂)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

မေလ(၁)ရက်နေ့က ဓါတ်ခွဲနမူနာပို့စစ်ထားသူများတွင် တာချီလိတ်မြို့၏ ပထမဆုံး အတည်ပြုလူနာ နှင့် အတူ လေယာဉ်စီးလာသည့် (၁၀)ဦး နှင့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် (၁)ဦး အပါအဝင် စုစုပေါင်း (၁၁)ဦးရှိရာ တာလေမြို့မှ (၂)ဦး ပါဝင်သည်။

ကျန်(၁၀)ဦးတွင် (၆)ဦးမှာ ကျိုင်းတုံဆေးရုံမှ စောင့်ကြည့်လူနာများဖြစ်ရာ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၁)ဦး ပါဝင်ပြီး ကျန်(၃)ဦးမှာ တာချီလိတ် နှင့် မိုင်းဖြတ်တို့ အတည်ပြုလူနာများဖြစ်သည်။

အတည်ပြုလူနာ (၃)ဦးထဲက မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ( Case 64)အား တတိယအကြိမ်မြောက် စစ်ဆေးရာတွင် ပိုးမတွေ့ရကြောင်း နှင့်  တာချီလိတ်မှ အတည်ပြု လူနာများဖြစ်သည့် Case 96 ကိုလည်း ဒုတိယအကြိမ် စစ်ဆေးရာတွင် ပိုးမတွေ့တော့ သော်လည်း Case 112   ဒုတိယအကြိမ်မြောက်  စစ်ဆေးရာ covid-19 ပိုးတွေ့နေရသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း၌ အတည်ပြုလူနာ (၇)ဦးရှိခဲ့ပြီး တောင်ကြီး နှင့် ကျောက်မဲတို့မှ အတည်ပြုလူနာ (၂)ဦးမှာ ဆေးရုံက ဆင်းခွင့် ရသွားပြီဖြစ်သည့်အတွက် တောင်ကြီးဆေးရုံတွင် (၁)ဦး၊ ကျိုင်းတုံဆေးရုံတွင် (၃)ဦး နှင့် မူဆယ်ဆေးရုံတွင် (၁)ဦး စုစုပေါင်း (၅)ဦးသာ ကျန်ရှိပြီး ဆေးဝါးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~