စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၅၀)ဦး ထပ်တိုးပြီး သေဆုံးသူလည်း (၁)ဦး ထပ်တိုး

စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၅၀)ဦး ထပ်တိုးပြီး သေဆုံးသူလည်း (၁)ဦး ထပ်တိုး
စက်တင်ဘာ 12, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၅၀)ဦး ထပ်တိုးပြီး သေဆုံးသူလည်း (၁)ဦး ထပ်တိုး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ပထမအသုတ်စစ်ဆေးခြင်းအဖြစ် (၂,၄၂၃)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ အတည်ပြုလူနာ (၁၅၀)ဦး စစ်ဆေးတွေ့ရှိရ၍  နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂,၅၉၅)ဦး ရှိနေပြီဖြစ်ကြောင်း စက်တင်ဘာလ (၁၂)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ အသက်(၇၀)နှစ်အရွယ်ရှိ အတည်ပြုလူနာ case - 2351
သည် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က သေဆုံးသွား၍ နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း (၁၆)ဦးအထိ ရှိနေပြီဖြစ်သည်။
နိုင်ငံအတွင်း  Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂,၅၉၅)ဦးအထိ ရှိနေရာတွင် သက်သာပျောက်ကင်းသူမှာ (၆၇၆)ဦးအထိ ရှိကြောင်းလည်း သိရသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~