စင်ကာပူနိုင်ငံက ပြန်လာသည့် ရေစကြိုမြို့မှ အမျိုးသားတစ်ဦးတွင် Covid-19 တွေ့

စင်ကာပူနိုင်ငံက ပြန်လာသည့် ရေစကြိုမြို့မှ အမျိုးသားတစ်ဦးတွင် Covid-19 တွေ့
သြဂုတ် 17, 2020
By Tachileik News Agency
စင်ကာပူနိုင်ငံက ပြန်လာသည့် ရေစကြိုမြို့မှ အမျိုးသားတစ်ဦးတွင် Covid-19 တွေ့
စင်္ကာပူနိုင်ငံမှ ပြန်လာသည့် အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့အထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၇၆)ဦး ရှိလာပြီး အတည်ပြုလူနာ Case 375 နှင့် ထိတွေ့မှုရှိသူ (၆၁)ဦးကိုလည်း ဓာတ်ခွဲနမူနာရယူ စစ်ဆေးနေကြောင်း သိရသည်။
စင်္ကာပူမှ ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၁၆)ရက်နေ့က အတည်ပြုလူနာဖြစ်သွားသည့် ဘဏ်ဝန်ထမ်း Case 375 နှင့် ထိတွေ့မှုရှိသည့် စစ်တွေမြို့မှ (၅၁)ဦးနှင့် ကျောက်ဖြူမြို့မှ (၃၃)ဦးကိုလည်း ဓာတ်ခွဲနမူနာရယူစစ်ဆေးထားခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၇)ရက်နေ့အထိ အတည်ပြုလူနာများမှ (၃၂၁)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး (၆)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~