တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ထိုင်းသံရုံးခွင့်ပြုချက်အပြင် မြန်မာဘက်မှ ကျန်းမာရေးထောက်ခံချက်လိုအပ်

တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ထိုင်းသံရုံးခွင့်ပြုချက်အပြင် မြန်မာဘက်မှ ကျန်းမာရေးထောက်ခံချက်လိုအပ်
ဇူလိုင် 17, 2020
By Tachileik News Agency

တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ထိုင်းသံရုံးခွင့်ပြုချက်အပြင် မြန်မာဘက်မှ ကျန်းမာရေးထောက်ခံချက်လိုအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံဘက် နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးမှ ခွင့်ပြုကြောင်းထောက်ခံချက်၊ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့် အွန်လိုင်းမှ အချက်အလက် ဖြည့်သွင်းရန်အပြင် မြန်မာနိုင်ငံဘက်မှ ကျန်းမာရေးထောက်ခံချက် လိုအပ်ကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားမှနေ၍ အထောက်အထားပြည့်စုံသည့် ထိုင်းနိုင်ငံသားနေရပ်ပြန်များကို မြန်မာဘက်မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်လွှဲပြောင်းပေးနေခြင်းဖြစ်သည်။

နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ အနေဖြင့် တံတားမဖြတ်သန်းမီ (၇၂)နာရီအတွင်း ရယူထားသည့် ခရီးသွားရန် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ကို တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ ရုံးတွင် ရယူရမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်တွင် (၁၄)ရက် Quarantine ဝင်မည်ဖြစ်ကြောင်း ကာယကံရှင် သဘောတူ လက်မှတ်ရေးထိုးထားသည့် ရန်ကုန်ရှိ ထိုင်းသံရုံးထံမှ ခွင့်ပြုချက် အထောက်အထား၊ ထိုင်းနိုင်ငံတွင်း ဖြတ်သန်းဝင်ရောက်ခွင့်အတွက် https://dcaregistration.mfa.go.th/khonthai/create?country=MYA&conoffice=YGN တွင် စာရင်းဖြည့်သွင်းခြင်းများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း သိရသည်။

နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ဖော်ပြပါ Website link သို့ ဖြစ်စေ တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားရှိ လဝက ရုံးခန်းတွင်ဖြစ်စေ သွားရောက် ဆက်သွယ်နိုင်မည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~