COVID 19 ကြောင့် ပြည်သူများ လူစုလူဝေးမလုပ်ရန် သတိပေးသည့် အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးဖြင့် အားကစားပွဲများ၊ ဆုပေးပွဲများ၊ အစည်းအဝေးများ ကျင်းပနေ

ဇူလိုင်လ (၉) ရက်နေ့က လူစုလူဝေး အစည်းအဝေး ပြုလုပ်နေပုံ [ Photo: CINCDS ]
ဇူလိုင်လ (၉) ရက်နေ့က လူစုလူဝေး အစည်းအဝေး ပြုလုပ်နေပုံ [ Photo: CINCDS ]
COVID 19 ကြောင့် ပြည်သူများ လူစုလူဝေးမလုပ်ရန် သတိပေးသည့် အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးဖြင့် အားကစားပွဲများ၊ ဆုပေးပွဲများ၊ အစည်းအဝေးများ ကျင်းပနေ
ဇူလိုင် 10, 2021 | Covid-19

COVID 19 ကာကွယ်ကုသရေးလုပ်ငန်းများကို အာဏာသိမ်းပြီးကတည်းက မလုပ်နိုင်တော့သည့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတွင်း COVID 19 ကူးစက်မှုများနေ၍ အာဇာနည်နေ့ကျင်းပခြင်းအပါအဝင် လူစုလုဝေးမလုပ်ကြရန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့က လူစုလူဝေး အစည်းအဝေးဖြင့် သတိပေးထားသည်။

 CINCDS ]

 အားကစားပြိုင်ပွဲများ၊ ဆုပေးပွဲများ ဆက်လက်ကျင်းပနေသည့် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား လူစုလူဝေးပြုလုပ်ပြီး မကြာခင်ကျရောက်တော့မည့် ဘာသာရေးနေ့များ၊ အာဇာနည်နေ့အပါအဝင် လူစုလူဝေးပြုလုပ်ခြင်းများ မလုပ်ကြရန် သတိပေးထားသည်။ 

 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်စဉ်

 ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နှင့် အာဇာနည်နေ့များသည် လူအများနှင့်သက်ဆိုင်သည့်နေ့များဖြစ်ခြင်းကြောင့် လူစုလူဝေးများဖြစ်ပေါ်လာနိုင်သဖြင့် COVID-19 ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား တိကျစွာဖြင့် အလေးထား လိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ကြရန် လိုအပ်ကြောင်း၊ COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိ ကျကျလိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ရန် လိုအပ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံးအကာကွယ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ ကိုယ်ခံစွမ်းအားများကောင်းမွန်အောင် နေထိုင်စားသောက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြောင်း

ယမန်နေ့က အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဌဖြစ်သူက ပြောသည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်းဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်စဉ်

နိုင်ငံအတွင်း Covid-19 ဒုတိယလှိုင်းကို ထိန်းချုပ်နေစဉ်ကာလအတွင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာဝင်သိမ်းလိုက်ပြီး COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားကာ COVID 19 တတိယလှိုင်းနှင့်ရင်ဆိုင်လာရခြင်းဖြစ်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်စဉ်

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိ၍ အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးရသည့်လူနာများ နေ့စဉ်နှင့်အမျှရှိနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၈)ရက်နေ့က လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၅)ရက်နေ့က လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၅)ရက်နေ့က လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇွန်လ(၃၀)ရက်နေ့ကလည်းကောင်း ကျင်းပနေသည်ကို တွေ့ရသည်။

ယင်းအပြင် ရုံးတက်နေကြသည့်ဌာနဆိုင်ရာဝန်ထမ်းအများအပြား COVID 19 ကူးစက်ခံရမှုများဖြစ်ပွားမှုများ ရှိနေသော်လည်း လူစုလူဝေးဖြင့် အစည်းအဝေးကျင်းပခြင်းများကိုလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။