Covid-19 အတည်ပြုလူနာ (၃၇)ဦး ထပ်တိုး၍ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း (၁၂၅၃)ဦး ရှိလာ

Covid-19 အတည်ပြုလူနာ (၃၇)ဦး ထပ်တိုး၍ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း (၁၂၅၃)ဦး ရှိလာ
စက်တင်ဘာ 5, 2020
By Tachileik News Agency
Covid-19 အတည်ပြုလူနာ (၃၇)ဦး ထပ်တိုး၍ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း (၁၂၅၃)ဦး ရှိလာ
တစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာ (၁၆၉၁) ခုကို စစ်ဆေးရာမှ COVID 19 အတည်ပြုလူနာ (၃၇)ဦး ထပ်တိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၌ စုစုပေါင်းအတည်ပြုလူနာ (၁၂၅၃)ဦးအထိ တိုးလာပြီဖြစ်သည်။
တစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့်  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့တွင် ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ပြီး စစ်တွေ  ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ် ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)၊ မူဆယ် ပြည်သူ့ဆေးရုံကြီး၊  အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) တို့တွင် သက်ဆိုင်ရာဒေသအသီးသီးမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ အတည်ပြုလူနာများမှ (၃၆၆)ဦးဆေးရုံဆင်းခွင့်ရကာ (၇)ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~