ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၂)ဦး တိုး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၂)ဦး တိုး
ဇွန် 29, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ညောင်ရွှေနှင့် ရွာငံတို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၂) ဦးထပ်တိုးသည်ဟု သိရသည်။

ယနေ့တစ်နေ့တာအတွင်း တောင်ကြီးမြို့နယ်အတွင်း အတည်ပြုလူနာ (၇) ဦး၊ ကလောမြို့နယ်အတွင်း အတည်ပြုလူနာ (၈) ဦး၊ ပင်းတယမြို့နယ်အတွင်း အတည်ပြုလူနာ (၂)ဦး၊ ညောင်ရွှေမြို့နယ်တွင် အတည်ပြုလူနာ (၁)ဦးနှင့် ရွာငံမြို့နယ်တွင် အတည်ပြုလူနာ (၄) ဦးတို့ကို တွေ့ရသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဌာနက သတင်းထုတ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သည့် တောင်ကြီး၊ ဟိုပုံး၊ ကလော၊ မောက်မယ်၊ ပင်းတယ၊ ညောင်ရွှေ၊ ကျေးသီး၊ လွိုင်လင်၊ နမ့်စန်နှင့် ရွာငံမြို့နယ်များမှ သံသယရှိသူ (၁၅၈)ဦးအား စစ်ဆေးရာမှ အတည်ပြုလူနာ (၂၂)ဦးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် မေလ (၈) ရက်နေ့မှ ဇွန်လ (၂၉) ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၁၇၈) ဦးတွေ့ထားပြီး (၂၄) ဦးမှာ ဆေးရုံဆင်းပြီဟု သိရသည်။