မကွေးတိုင်းတွင် ရခိုင်မှ ပြန်လာသူ (၁)ဦးနှင့် ရန်ကုန်မှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၂)ဦးတို့၌ COVID 19 ပိုးတွေ့

မကွေးတိုင်းတွင် ရခိုင်မှ ပြန်လာသူ (၁)ဦးနှင့် ရန်ကုန်မှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၂)ဦးတို့၌ COVID 19 ပိုးတွေ့
စက်တင်ဘာ 10, 2020
By Tachileik News Agency
မကွေးတိုင်းတွင် ရခိုင်မှ ပြန်လာသူ (၁)ဦးနှင့် ရန်ကုန်မှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၂)ဦးတို့၌ COVID 19 ပိုးတွေ့
မကွေးတိုင်းဒေသကြီးတွင် ရန်ကုန်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ (၂)ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူ (၁)ဦးတို့၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ ဓာတ်ခွဲအဖြေအရ သိရသည်။
“ကျွန်တော်တို့ မကွေးတိုင်းအတွင်း မြိုင်မြို့နယ်က တစ်ဦး၊ နတ်မောက်က နှစ်ဦး Positive ဖြစ်တာ ဟုတ်ပါတယ်။ မြိုင်ကတစ်ယောက်က ရခိုင်ပြည်နယ်က ပြန်လာသူဖြစ်ပြီး နတ်မောက်မြို့နယ်က နှစ်ဦးက ရန်ကုန်၊ သင်္ဃန်းကျွန်း Music Zone Contact ဖြစ်ပါတယ်။ (၃)ယောက်လုံး အမျိုးသားတွေချည့်ပါပဲ။ လူနာရာဇဝင်အသေးစိတ်ကိုတော့ မလိုက်နိုင်သေးပါဘူး။ သူတို့ကို သက်ဆိုင်ရာဆေးရုံတွေကို ပို့ဖို့ လုပ်နေပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ(၁၀)ရက်နေ့တွင် အတည်ပြုပြောကြားသည်။
မြိုင်မြို့နယ်မှ ရခိုင်ပြန်တစ်ဦးမှာ facility quarantine ထားသူဖြစ်ပြီး နတ်မောက်မြို့နယ်မှ (၂) ဦးမှာ ဆေးရုံတွင် စောင့်ကြည့် သံသယလူနာများဖြစ်ကြကြောင်း သိရသည်။
မကွေးတိုင်းတွင် COVID 19 အတည်ပြုလူနာ (၃)ဦးထပ်တိုးလာ၍ စုစုပေါင်း အတည်ပြုလူနာ (၈)ဦးအထိဖြစ်လာပြီး ယင်းတို့အနက် (၃)ဦးမှာဆေးရုံဆင်းသွားကာ (၅)ဦးမှာ ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency

သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~