တာချီလိတ်တွင် (၁၄)ရက် စောင့်ကြည့်ရမည့် နေရပ်ပြန် (၂၀၀)ဝန်းကျင်အား သတ်မှတ် စည်းကမ်းလိုက်နာရန် အသိပေးထား

တာချီလိတ်တွင် (၁၄)ရက် စောင့်ကြည့်ရမည့် နေရပ်ပြန် (၂၀၀)ဝန်းကျင်အား သတ်မှတ် စည်းကမ်းလိုက်နာရန် အသိပေးထား
ဧပြီ 6, 2020
By Tachileik News Agency
တာချီလိတ်တွင် (၁၄)ရက် စောင့်ကြည့်ရမည့် နေရပ်ပြန် (၂၀၀)ဝန်းကျင်အား သတ်မှတ် စည်းကမ်းလိုက်နာရန် အသိပေးထား

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ဝန်းကျင်အား တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် ၂၀၂၀ခုနှစ် ဧပြီလ(၆)ရက်နေ့က စ၍ (၁၄)ရက်အကြာ စောင့်ကြည့်ထားရှိမည်ဖြစ်သည့်အတွက် ပထမနေ့ ညပိုင်းတွင် သတ်မှတ် (၁၄)ရက်ကာလအတွင်း ကျန်းမာရေးနှင့်အညီ စည်းကမ်းလိုက်နာရန်အတွက် အသိပေးပညာပေးမှုကို လုပ်ဆောင်သည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများ အပါအဝင် ရဲတပ်ဖွဲ့ဝင်များက အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ၂၀၂၀ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂၀၀)ဝန်းကျင် နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ် နှင့် မယ်ဆိုင် နှစ်ဖက် တာဝန်ရှိသူများ ညှိနှိုင်းပြီးနောက်   ၂၀၂၀ခုနှစ် ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်က လာရောက်ပို့ဆောင်ပေးရာ မြန်မာဘက်က  လက်ခံပြီး နေရပ်သို့ ချက်ခြင်းမပြန်စေဘဲ တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် (၁၄)ရက်အကြာ စောင့်ကြည့်ပြီးမှ နေရပ်သို့ ပြန်ခွင့်ပြုရန် စီစဉ်ထားရှိြခင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~