ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃၃)မြို့နယ်အနက် (၂၈)မြို့နယ်ကို Stay at Home သတ်မှတ်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃၃)မြို့နယ်အနက် (၂၈)မြို့နယ်ကို Stay at Home သတ်မှတ်ထား
စက်တင်ဘာ 9, 2020
By Tachileik News Agency

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃၃)မြို့နယ်အနက် (၂၈)မြို့နယ်ကို Stay at Home သတ်မှတ်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃၃) မြို့နယ်အနက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ နံနက် (၈)နာရီမှစ၍ Stay at Home (၂၁)မြို့နယ် ထပ်တိုးလာသဖြင့် Stay at Home မြို့နယ်ပေါင်း (၂၈)မြို့နယ်အထိ တိုးလာပြီဖြစ်သည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၇)မြို့နယ်ဖြစ်သည့် သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်များကို စက်တင်ဘာလ (၁)ရက်နေ့မှစ၍ Stay at Home ကြေညာထားရာမှ စက်တင်ဘာလ (၉)ရက်နေ့၌ ထပ်တိုးမြို့နယ်များအဖြစ် တောင်ဥက္ကလာ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ တောင်ဒဂုံ၊ ရန်ကင်း၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်နှင့် လှည်းကူးမြို့နယ်တို့ကို ထပ်တိုးကြေညာလိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၈)မြို့နယ်ကို Stay at Home ကြေညာထားပြီဖြစ်သည်။
တစ်နိုင်ငံလုံးတွင် စက်တင်ဘာလ (၉)ရက်နေ့ ညပိုင်းအထိ COVID 19 အတည်ပြုလူနာ (၁၈၈၉) ဦးအထိ ရှိနေပြီဖြစ်ပြီး သေဆုံးသူ (၁၂)ဦးအထိ တိုးလာခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~