လောက်ကိုင်မြို့အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ အရပ်သား ၈ ဦးသေဆုံး

လောက်ကိုင်မြို့အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ အရပ်သား ၈ ဦးသေဆုံး
ဒီဇင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး အရပ်သား(၈)ဦးသေကာ (၂၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် (၂)လုံး ကိုးကန့် တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီး ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAAက ဒဏ်ရာရလူနာများကို ဆေးရုံသို့ပို့ဆောင်ကာ အရေးပေါ်ကုသကယ်ဆယ်ခဲ့ပြီး သေဆုံးသူများ၏ အလောင်းကို မြှုပ်နှံခဲ့ပေးခဲ့သည်ဟု The Kokangကဖော်ပြထားသည်။

#TachileikNewsAgency