တာချီလိတ် နှင့် မယ်ဆိုင်အကြား စက်တင်ဘာလ(၂၀)ရက်နေ့က ဖြစ်ပွားသည့် ကုန်တင်ယာဉ်(၂)စီး ကိစ္စနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးမှ ဖြေရှင်းတောင်းပန်

တာချီလိတ် နှင့် မယ်ဆိုင်အကြား စက်တင်ဘာလ(၂၀)ရက်နေ့က ဖြစ်ပွားသည့် ကုန်တင်ယာဉ်(၂)စီး ကိစ္စနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးမှ ဖြေရှင်းတောင်းပန်
စက်တင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား စက်တင်ဘာလ(၂၀)ရက်နေ့က ဖြစ်ပွားသည့် ကုန်တင်ယာဉ်(၂)စီး ကိစ္စနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးမှ ဖြေရှင်းတောင်းပန်
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့က မယ်ဆိုင်ဘက်က တာချီလိတ်ဘက်သို့ မော်တော်ယာဉ် (၂)စီးပို၍ လွှတ်လိုက်သဖြင့် တာချီလိတ်အဝင်တွင် ကန့်ကွက်မှုများဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ အဆိုပါနေ့က ကုန်တင်ယာဉ်ငယ် (၂)စီးကို မောင်းနှင်ခဲ့သည့် မြန်မာယာဉ်မောင်းနှစ်ဦးက စက်တင်ဘာလ (၂၃)ရက်နေ့၌    ဖြေရှင်းတောင်းပန်ခြင်း ဖြစ်သည်။ 
အဆိုပါနေ့က မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ထိုင်းလိုင်စင်မော်တော်ယာဉ် (၆) စီးစေလွှတ်ရမည့်အစား မော်တော်ယာဉ် (၈)စီးစေလွှတ်လိုက်သဖြင့် နောက်ဆုံးဝင်လာသည့် ဆီဘောက်ဆာယာဉ် (၂)စီးအား မယ်ဆိုင်ဘက် ပြန်လွှတ်ခဲ့ရာ ထိုင်းလိုင်စင် ကုန်တင်မှန်လုံယာဉ်ငယ် (၂)စီးအား စာရင်းတွင်မပါဘဲ ကြားဖြတ်ဝင်သည်ဟုဆိုကာ မယ်ဆိုင်တာဝန်ရှိသူများက အမည်ပျက်စာရင်းသွင်း၍ ကုန်စည်ပို့ဆောင်ခွင့်ပိတ်ကာ အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ရိုက်ကူး - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~