တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦး ဆေးရုံဆင်း၍ လက်ရှိတွင် (၁)ဦးကျန်

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦး ဆေးရုံဆင်း၍ လက်ရှိတွင် (၁)ဦးကျန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ထားရှိသည့် ကိုဗစ်အတည်ပြုလူနာ (၅ )ဦးမှာ သီးခြားနေရန် သတ်မှတ်ရက်ပြည့်ပြီဖြစ်၍ ၂၀၂၁ ခုနှစ် ဧပြီလ (၄) ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်ရာ အဆိုပါ (၅)ဦးအပါအဝင် ထိုင်းမှလွှဲပေးထားသည့် ပြစ်ဒဏ်စေ့ (၄၁)ဦးလုံးကို နေရပ်ပြန်ပို့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ (၅) ဦးမှာ ဧပြီလ (၂၀) ရက်နေ့က ထိုင်းနိုင်ငံမှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၄၁) ဦးအဖွဲ့မှဖြစ်ပြီး အတည်ပြုလူနာတွေ့ရသဖြင့် တစ်ဖွဲ့လုံးအား အသွားအလာကန့်သတ်ထားရှိခြင်းဖြစ်သည်။

(၄၁) ဦးအဖွဲ့ကို နေရပ်အသီးသီးတွင် နေအိမ်အသွားအလာကန့်သတ်နေထိုင်ခြင်း (၇) ရက် ဆက်လက်နေထိုင်ရန် မှာကြားထားသည်ဟု သိရသည်။

အတည်ပြုလူနာ (၅) ဦးအပါအဝင် အသွားအလာကန့်သတ်ထားသူများထားရှိရာ  မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် တာဝန်ယူစောင့်ကြည့်ခြင်းကို တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံတွင် အလုပ် လုပ်ကိုင်ရန် မကွေးမြို့မှ လာရောက်သည့် အသက်(၂၀)အရွယ် လူငယ်တစ်ဦးအား အထက(ဟောင်လိတ်)ကျောင်းအတွင်းတွင်  ဧပြီလ(၂၇)ရက်နေ့ နေ့လည်က အမှတ်(၃၃၁)ခြေမြန်တပ်ရင်းမှ Covid-19 စစ်ဆေးပေးရာ ၎င်းတွင် Covid-19 ပိုးတွေ့ရခြင်းဖြစ်၍ အဆိုပါ တစ်ဦးကို ကုသပေးထားသည့်အတွက် တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦးသာ ကျန်ရှိနေခြင်း ဖြစ်သည်။