တာချီလိတ်မြို့ မိုင်းဖုန်း(က)‌ကျေးရွာအုပ်စုထဲက Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး

တာချီလိတ်မြို့ မိုင်းဖုန်း(က)‌ကျေးရွာအုပ်စုထဲက Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့ မိုင်းဖုန်း(က)‌ကျေးရွာအုပ်စုထဲက Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့က မိုင်းဖုန်း(က) ကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့သူများအား စစ်ဆေးနေရာ နေ့လယ် (၁၁)နာရီခွဲအထိ အတည်ပြုလူနာသစ် (၆)ဦး ထပ်တိုးတွေ့ရှိထားသည်။
ယနေ့ နေ့လယ်အထိ အတည်ပြုလူနာ (၆)ဦးထပ်တိုးလာရာ မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ အတည်ပြုလူနာ စုစုပေါင်း (၁၂)ဦးအထိ တွေ့ရှိထားပြီဖြစ်သည်။
တာချီလိတ်တွင် ဒေသတွင်း ကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅)ရက်နေ့က စတင်တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၁)ရက်နေ့ နေ့လယ်ပိုင်းအထိ ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ရှိသူ (၄၅)ဦးရှိလာပြီဖြစ်ပြီး အခြားဒေသမှ လာသည့် (၃)ဦးအပါအဝင် စုစုပေါင်း အတည်ပြုလူနာမှာ (၄၈)ဦးရှိပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~